■ မန္တလေးမြို့တွင် ရှော့တိုက်ဒုံးများဖြင့်ပစ်ခံရကြောင့် လူနေအိမ်ငါးလုံးခန့်ပျက်စီးပြီး တစ်ဦး ဒဏ်ရာရရှိ

■ မန္တလေးမြို့တွင် ရှော့တိုက်ဒုံးများဖြင့်ပစ်ခံရကြောင့် လူနေအိမ်ငါးလုံးခန့်ပျက်စီးပြီး တစ်ဦး ဒဏ်ရာရရှိ
Published 3 September 2024

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်တွင် (စက်တင်ဘာ ၃ ရက်)  ယနေ့နံနက် လေးနာရီခန့်က ရှော့တိုက်ဒုံးဖြင့်ပစ်ခံရမှုများကြောင့် လူနေအိမ်ငါးလုံးခန့်ပျက်စီးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ် ၊၇၈လမ်းနှင့် ၇၉လမ်းကြား ၊လမ်း၈၀  ၊ ၁ဝလမ်း ၊၁၁လမ်းနှင့် ၁၂လမ်းကြားရှိနေအိမ်များအသီးသီးသို့  နံနက်လေးနာရီခန့်က  ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ပွားခဲ့​သောနေရာများသည် မန္တလေးနန်းတွင်း၏ ကျုံးမြောက်ဘက်ခြမ်း( ၁၂လမ်း) အနီးကပ်လျက်ရပ်ကွက်တွင်ဖြစ်ရာ နန်းတွင်းသို့ရည်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်ပိုင်းကလည်း မန္တလေးကျုံးအရှေ့ဘက်ခြမ်း ၆၆လမ်းဘေးတွင် နန်းတွင်းအားချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးအားတွေ့ရှိခဲ့သလို ၂၆ဘီလမ်း တောင်ဘက်ကျုံးအား ပစ်ခတ်ရန်ရည်ရွယ်ကာ သယ်ဆောင်လာသည့် ရှော့တိုက်ဒုံးများကိုလည်း လူနေတိုက်ခန်းတစ်ခုတွင် ကြိုတင်သိမ်းဆည်းရမိခဲ့သည်။

Most Read

Most Recent