တပ်မတော် (လေ) တွင် အမျိုးသမီး အရာရှိများအနေဖြင့် အမျိုးသား အရာရှိများနည်းတူ ပျံသန်းရေးတာဝန်များ ထမ်းဆောင်နေပြီဖြစ်ဟုဆို

တပ်မတော် (လေ) တွင် အမျိုးသမီး အရာရှိများအနေဖြင့် အမျိုးသား အရာရှိများနည်းတူ ပျံသန်းရေးတာဝန်များ ထမ်းဆောင်နေပြီဖြစ်ဟုဆို
Published 1 September 2024

တပ်မတော် (လေ) တွင် အမျိုးသမီးအရာရှိများအနေဖြင့် အမျိုးသားအရာရှိများနည်းတူ ပျံသန်းရေးတာဝန်များ ထမ်းဆောင်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၃၁ ရက် မှော်ဘီလေတပ်စခန်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိ ခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား သက်ဆိုင်ရာခန်းမများ ၌ သီးခြားစီတွေ့ဆုံအမှာစကား ပြောကြားရာ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ကို ခေတ်မီ တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာ တွင် တပ်မတော် (ကြည်း) တစ်ခုတည်းသာမ က တပ်မတော် (ရေ) နှင့် တပ်မတော် (လေ) တို့၏ အင်အားနှင့် စွမ်းပကားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော် (လေ) ကို ခေတ်အဆက်ဆက် အဆင့်မြှင့်တင်တည်ဆောက်ပေးခဲ့ပြီး ခေတ် စနစ်နှင့်လျော်ညီသည့် လေယာဉ်၊ ရဟတ် ယာဉ်များကိုလည်း တပ်ဆင်ပေးထားကြောင်း၊ အာဆီယံနှင့် အရှေ့တောင်အာရှနိုင်ငံများ တွင် မိမိတို့နိုင်ငံအနေဖြင့် ဂျက်တိုက်လေ ယာဉ်များကို စတင်အသုံးပြုနိုင်ခဲ့သည့် နိုင်ငံ ဖြစ်ကြောင်း၊ လေယာဉ်၊ ရဟတ်ယာဉ်များ သာမက လေကြောင်းဆိုင်ရာကျွမ်းကျင်သူအ ရာရှိ၊ စစ်သည်များကိုလည်း စဉ်ဆက်မပြတ် မွေးထုတ်လျက်ရှိပြီး အမျိုးသမီးအရာရှိများ အနေဖြင့် အမျိုးသားအရာရှိများနည်းတူ ပျံ သန်းရေးတာဝန်များတွင် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် တပ်မတော် (လေ) အနေဖြင့် မြေပြင်တပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရေး နှင့် အရေးကြီးစစ်ဆင်ရေးများတွင် လေကြောင်း ပစ်ကူပေးတာဝန်များကို ဆောင်ရွက်ပေးရ ခြင်းဖြစ်ပြီး မြေပြင်တပ်ဖွဲ့ဝင်များအတွက် များစွာအထောက်အကူပြုပေးနေသည့် တပ် ဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လည်း တပ်မတော် (လေ) ကို အဆင့်မြှင့်တင်မှု များ ဆောင်ရွက်ရာတွင် လေယာဉ်များကို သာမကလိုအပ်သည့် စက်ပစ္စည်းများနှင့် အ ထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေကြောင်း စွမ်းပကားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ချမှတ်ထားသည့် ကာကွယ်ရေးမူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လေ့ကျင့်ခြင်း များကို စနစ်တကျဆောင်ရွက်နေရန်လိုပြီး တစ်ဦးချင်း၏ စွမ်းရည်နှင့် စိတ်ဓာတ်များ ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent