■ အသင်း၏လူစာရင်းကို အားရကျေနပ်မှုရှိကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟောင်း ဖွင့်ဟ     

■ အသင်း၏လူစာရင်းကို အားရကျေနပ်မှုရှိကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟောင်း ဖွင့်ဟ     
Photo: Getty Images
Photo: Getty Images
Published 30 August 2024

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက မိမိအနေဖြင့် အသင်း၏လူစာရင်းကို အားရကျေနပ်မှုရှိကြောင်း ပြောကြားခဲ့သည်။ 

နယူးကာဆယ်အသင်း သည် ယခုနွေတွင် ကယ်လီ၊ လူးဝစ်ဟောလ်၊ အိုဆူလာအပါအဝင် ကစားသမား (၆) ဦး ခေါ်ယူထားပြီး ပဲလေ့စ်နောက်ခံလူ ဂူဟီကိုလည်း ခေါ်ယူရန်နီးစပ်လျက် ရှိကြောင်း သိရသည်။ 

ထို့ပြင် နယူးကာဆယ်အနေဖြင့် အပြောင်းအရွှေ့စျေး ကွက်ပိတ်ခါနီးအထိ အသင်းအဓိကကစားသမားများကို ဆက်ထိန်းထားနိုင်ခဲ့သည်။ 

အက်ဒီဟောင်းက အသင်း၏လူစာရင်းမှာ တောင့်တင်းသည့်အတွက် အားရကျေနပ်မှုရှိကြောင်းနှင့် နည်းစနစ်ပိုင်းကို လိုအပ်သလို အပြောင်းအလဲလုပ်နိုင်ကြောင်း ပြောကြားခဲ့သည်။ 

နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂) အပြီးတွင် (၁) ပွဲနိုင်၊ (၁) ပွဲသရေ ရလဒ်ထွက်ပေါ်ထားပြီး ရမှတ် (၄) မှတ်ဖြင့် အဆင့် (၆) နေရာ၌ ရပ်တည်နေသည်။ 

Most Read

Most Recent