■ ရိုမဲရိုးအား စပါးနည်းပြ ပိုစတီကိုဂလူး ချီးကျူး     

■ ရိုမဲရိုးအား စပါးနည်းပြ ပိုစတီကိုဂလူး ချီးကျူး     
Photo: Getty Images
Photo: Getty Images
Published 30 August 2024

စပါးနည်းပြ ပိုစတီကိုဂလူးက ရိုမဲရိုးသည် အသင်းတွင်းခေါင်းဆောင် ကောင်းတစ်ဦးဖြစ်ကြောင်း ချီးကျူး ခဲ့သည်။ 

အာဂျင်တီးနားနောက်ခံကစားသမား ရိုမဲရိုးသည် နည်းပြ ပိုစတီကိုဂလူးလက်ထက်တွင် စပါးအသင်း၏အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။ 

ပိုစတီကိုဂလူးက "ရိုမဲရိုးက စိတ်ပိုင်းဆိုင်ရာ မာကြော ပြီး အလုပ်ကိုအကောင်းဆုံးလုပ်နိုင် သူလည်း ဖြစ်ပါတယ်။ သူဟာ အာဂျင် တီးနားနဲ့အတူ ကမ္ဘာ့ဖလားရော ကိုပါ အမေရိကဖလားပါ ရရှိထားသူပါ။ ဒီ တော့ သူဟာ အောင်မြင်တဲ့အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသင်းမှာ လွှမ်းမိုးမှုကြီးမားတဲ့ ကစားသမားဖြစ် ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ ရိုမဲရိုးသည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလတွင် အတ္တလန်တာအသင်းမှ စပါးအသင်းထံသို့ ယူရို (၁၆) သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

၎င်းသည် စပါးအသင်းအတွက် (၃) ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၁၀၀) တွင် (၇) ဂိုး သွင်းယူထားသည်။ 

ရိုမဲရိုးသည် ယခုရာသီတွင်လည်း စပါးအသင်းအတွက် ပရီးမီးယားလိဂ် (၂) ပွဲစဉ်စလုံး ပွဲထွက်ကစားခွင့်ထားပြီး အဲဗာတန်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက် တစ်ဂိုး သွင်းပေးခဲ့သည်။ 

Most Read

Most Recent