ဓာတ်လိုက်နေသည့် သားဖြစ်သူကို ကယ်ဆယ်ရာမှ မိခင်ဖြစ်သူပါ ဓာတ်လိုက်သေဆုံးမှု မန္တလေးတွင် ဖြစ်ပွား

ဓာတ်လိုက်နေသည့် သားဖြစ်သူကို ကယ်ဆယ်ရာမှ မိခင်ဖြစ်သူပါ ဓာတ်လိုက်သေဆုံးမှု မန္တလေးတွင် ဖြစ်ပွား
Published 25 August 2024

ဓာတ်လိုက်နေသည့် သားဖြစ်သူကို ကယ်ဆယ်ရာမှ မိခင်ဖြစ်သူပါ ဓာတ်လိုက်သေဆုံးမှု မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

သြဂုတ် ၂၄ ရက် ည ၁၀ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သားအမိနှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

“သားဖြစ်တဲ့သူက ရေချိုးဖို့ လုပ်နေတာ။ မီးကြိုးက ပေါက်ပြီး သံဇကာမှာ လျှပ်စစ်ဝင်နေတာကို မသိဘဲ သွားကိုင်မိတာ။ ကိုင်မိတော့ ဓာတ်လိုက်နေလို့အမေက သားဇောနဲ့ သွားကယ်တာ။ အမေပါ ဓာတ်လိုက်ပြီး နှစ်ယောက်စလုံး ဆုံးသွားတာ။ ဖြစ်စဉ် ကိုတော့ ကျွန်တော်တို့ အဲဒီလိုပဲ သုံးသပ်ပါတယ်။ ဖြစ်စဉ်အနေ အထားအရပေါ့နော်”ဟု မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိခင်ဖြစ်သူမှာ အသက် ၅၀ အရွယ်ရှိပြီး သားဖြစ်သူမှာ ၂၅ နှစ်အရွယ်ရှိကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို မန္တလေး ‌ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

Most Read

Most Recent