ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မြန်မာနိုင်ငံမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဘင်္ဂါလီများ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး လူပေါင်းဒါဇင်ချီ သေဆုံး

ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မြန်မာနိုင်ငံမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဘင်္ဂါလီများ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး လူပေါင်းဒါဇင်ချီ သေဆုံး
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကော့ဘဇားမြို့၏ Teknaf ဒေသတွင် မောင်တောဒေသခံများကို တွေ့ရစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကော့ဘဇားမြို့၏ Teknaf ဒေသတွင် မောင်တောဒေသခံများကို တွေ့ရစဉ်
Published 11 August 2024
Ref: jakata Post

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာနိုင်ငံ မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) များကို ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မိသားစုများနှင့် ကလေးများ အပါအဝင် ဒါဇင်နှင့်ချီသည့်လူများ သေဆုံးခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

သြဂုတ် ၅  ရက်က ဖြစ်ပွားခဲ့သည့် ထို ဖြစ်စဉ်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ် သန်းရန် စောင့်ဆိုင်းနေသည့် မိသားစုများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်လေးဦး၊ တက်ကြွ လှုပ်ရှားသူများနှင့် သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် လက်နက်ကိုင်သူပုန်များအကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း   လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှု ဖြစ်သည့်  ထိုဖြစ်စဉ်တွင် ကိုယ်ဝန်အရင့်အမာရှိနေသည့်အမျိုးသမီးတစ်ဦးနှင့် အသက် နှစ်နှစ်အ ရွယ် ၎င်း၏ သမီးငယ်တစ်ဦးလည်း ပါဝင်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွက် ရခိုင့်တပ်မတော် (AA) တွင် တာဝန်ရှိကြောင်း မျက်မြင်သုံးဦး က ရိုက်တာသတင်းဌာနကို သြဂုတ် ၉ ရက် တွင် ပြောကြားခဲ့သော်လည်း ထိုစွပ်စွဲချက် များကို AA က ငြင်းဆိုခဲ့သည်။

ထိုတိုက်ခိုက်မှုဖြစ်စဉ်အတွက် AA နှင့် တပ်မတော်တို့က တစ်ဖက်နှင့်တစ်ဖက် အ ပြစ်ပုံချခဲ့သည်။

ထိုတိုက်ခိုက်မှုဖြစ်စဉ်တွင် လူပေါင်းမည် မျှ သေဆုံးသည်ဆိုခြင်းကိုမူ ရိုက်တာသတင်း ဌာနက လွတ်လပ်စွာ အတည်မပြုနိုင်ပေ။

လူမှုမီဒီယာတွင် တင်ထားသည့်ဗီဒီယို များတွင် ရွှံ့မြေပေါ်တွင် လူသေအလောင်း များ ပြန့်ကျဲနေသည်ကို မြင်တွေ့ရပြီး အနီး ပတ်ဝန်းကျင်တွင် လက်ဆွဲအိတ်များ၊ ကျောပိုး အိတ်များလည်း ပြန့်ကျဲနေသည့်မြင်ကွင်းကို တွေ့ရသည်။

ထိုတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့သည်ဟု အသက်ရှင်လွတ် မြောက်သူသုံးဦးက ပြောကြားခဲ့ပြီး တိုက်ခိုက် မှုအပြီး သွားရောက်ကြည့်ရှုခဲ့သည့် မျက်မြင် တစ်ဦးကမူ အလောင်း ၇၀ ထက်မနည်းကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထိုဗီဒီယိုများ၏ တည်နေရာအနေအ ထားအရ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းမြို့ဖြစ် သည့် မောင်တောမြို့အပြင်ဘက်တွင်ဖြစ် ကြောင်း ရိုက်တာသတင်းဌာနက အတည်ပြု နိုင်ခဲ့သည်။ သို့သော် ထိုဗီဒီယိုများကို ရိုက်ကူး ခဲ့သည့် ရက်စွဲကိုမူ ရိုုက်တာက လွတ်လပ်စွာ အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။

မျက်မြင်တစ်ဦးဖြစ်သည့် အသက် ၃၅ နှစ်အရွယ် မိုဟာမက် အယ်လီယာ့စ်ကမူ ကိုယ်ဝန်ဆောင်ထားရသည့် သူ့ဇနီးသည်နှင့် အသက်နှစ်နှစ်အရွယ်သမီးဖြစ်သူတို့သည် ထိုတိုက်ခိုက်မှုတွင် ဒဏ်ရာရခဲ့ပြီးနောက် သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။

ဒရုန်းများ၏ တိုက်ခိုက်မှုကို ခံရချိန်တွင် သူသည် ဇနီးနှင့် သမီးဖြစ်သူတို့နှင့်အတူ ကမ်းရိုးတန်းပေါ်တွင် အတူရှိနေခဲ့ကြောင်း အလီယာ့စ်က ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စ ခန်းတစ်ခုမှ ရိုက်တာသတင်းဌာနကို ပြော ကြားခဲ့သည်။

Most Read

Most Recent