PSG အသင်းသည် ရည်မှန်းချက်အလွန်ကြီးသည့်အသင်းဟု ပြောင်းရွှေ့လာခဲ့သည့် ပေါ်တူဂီဆယ်ကျော်သက်ကွင်းလယ်ကစားသမား ဂျော်အိုနယ်ဗီးစ် ပြောကြား

PSG အသင်းသည် ရည်မှန်းချက်အလွန်ကြီးသည့်အသင်းဟု ပြောင်းရွှေ့လာခဲ့သည့် ပေါ်တူဂီဆယ်ကျော်သက်ကွင်းလယ်ကစားသမား ဂျော်အိုနယ်ဗီးစ် ပြောကြား
Photos: X
Photos: X
Published 7 August 2024

 

PSG အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် ပေါ်တူဂီဆယ်ကျော်သက်ကွင်းလယ်ကစားသမား ဂျော်အိုနယ်ဗီးစ်က သူ၏အသင်းသစ်မှာ ရည်မှန်းချက်အလွန်ကြီးမားသည့်အသင်းဖြစ်သည်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။ 

PSG အသင်းသည် ဘင်ဖီကာအသင်းမှ ဂျော်အိုနယ်ဗီးစ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀၊ Add-ons ကြေး ပေါင် ၁၀ သန်း ဖြင့် ခေါ်ယူပြီး ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ PSG အသင်းသည် ယခုနွေရာသီတွင် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ရီးယဲလ်အသင်းထံ ထွက်ခွာခွင့် ပြုခဲ့ရပြီးနောက် ထိပ်တန်းကစားသမားများ ပြန်လည် အစားထိုးခေါ်ယူရန် ကြိုးပမ်းခဲ့ရာ ဂျော်အိုနယ်ဗီးစ်ကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ဂျော်အိုနယ်ဗီးစ်(၁၉ နှစ်)သည် ၂၀၂၃ ခုနှစ်တွင် ပေါ်တူဂီလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံရပြီး ပြီးခဲ့သည့်ရာသီ၌ ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ ၅၅ ပွဲ ကစားခွင့်ရခဲ့သူ ဖြစ်သည်။ "PSG လို ရည်မှန်းချက်အလွန် ကြီးမားတဲ့အသင်းကို ပြောင်းရွှေ့ခွင့်ရလို့ အလွန်ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အသင်းဖော်တွေကို ကူညီနိုင်ဖို့ အရာအားလုံး ပေးဆပ်သွားမှာပါ"ဟု ဂျော်အိုနယ်ဗီးစ်က ပြောကြားခဲ့သည်။ 

ဂျော်အိုနယ်ဗီးစ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းကလည်း ကြိုးပမ်းခဲ့ပြီး ၎င်း၏ပြောင်းရွှေ့ကြေးတန်ဖိုး မြင့်မားသည့်အတွက် လက်လျှော့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent