ဆာလာ၏နေရာတွင် ကူဘိုအစားဝင်နိုင်ဟု အန်ဒို မှတ်ချက်ပြု

ဆာလာ၏နေရာတွင် ကူဘိုအစားဝင်နိုင်ဟု အန်ဒို မှတ်ချက်ပြု
Photo: Mohamed Salah X
Photo: Mohamed Salah X
Published 25 July 2024

လီဗာပူးလ်ကွင်းလယ်ကစားသမား အန်ဒိုက ၎င်း၏ဂျပန်လက်ရွေးစင်အသင်းဖော် ကူဘိုသည် အနာဂတ်တွင် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ၏နေရာတွင် အစားဝင်နိုင်သူဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ဆာလာ (၃၂ နှစ်)သည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး မကြာမီ လီဗာပူးလ်အသင်းမှထွက်ခွာနိုင်ကြောင်း မီဒီယာများက ဖော်ပြနေကြသည်။

အနာဂတ်တွင် ဆာလာ၏နေရာကို ဆက်ခံမည့်သူနှင့်ပတ်သက်ပြီး အန်ဒိုက ''ကူဘို ဖြစ်နိုင်ပါတယ်။ တကယ်လို့ လီဗာပူးလ်အနေနဲ့ ဆာလာရဲ့နေရာကို အစားထိုးမယ်ဆိုရင် ကူဘိုပဲ ဖြစ်မယ်ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ကူဘိုအား ခေါ်ယူလိုနေကြောင်း သတင်းထွက်ပေါ်နေသည်။

Most Read

Most Recent