အရှိန်အဟုန်မြင့်လာတဲ့ နွေစျေးကွက်အရွေ့

အရှိန်အဟုန်မြင့်လာတဲ့ နွေစျေးကွက်အရွေ့
Photos: X
Photos: X
Published 10 July 2024
Phoe Thar

၂၀၂၄ နွေရာသီအပြောင်းအရွှေ့စျေးကွက်နဲ့ပတ်သက်ပြီး ပထမဆုံးပြောရမှာက ရာသီတိုင်းလိုလိုစျေးကွက်ကိုပြတ်ပြတ်သားသားသိမ်းပိုက် ခြယ်လှယ်ထားတဲ့ ပရီးမီးယားလိဂ်ပါပဲ။ တစ်နှစ်ထက်တစ်နှစ်အဆမတန်တိုးမြင့်လာတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ၂၀၂၄ နွေစျေးကွက်ကစားသမားခေါ်ယူမှုတွေက နိုင်ငံတကာပြိုင်ပွဲကြီးတွေမပြီးဆုံးခင်မှာပဲ  ယူရိုသန်း (၅၀၀)နီးပါးအထိရှိနေပြီး အခြားပြိုင်ဘက် ထိပ်တန်းလိဂ်တွေ စုစုပေါင်းအသုံးစရိတ်ပမာဏထက်ကို (၂)ဆကျော်ပိုမိုများပြားနေတာတွေ့ရပါတယ်။ နိုင်ငံတကာပွဲစဉ်တွေမပြီးဆုံးမီ ပရီးမီးယားလိဂ်ရဲ့ ၂၀၂၄ နွေစျေးကွက်ကို လွှမ်းမိုးထားတဲ့အသင်းကတော့ လန်ဒန်ကလပ်ချယ်လ်ဆီးအသင်းပါပဲ။ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ (၄) ခု (၂၀၂၂ နွေ၊ ၂၀၂၃ ဇန်နဝါရီ၊ ၂၀၂၃ နွေ၊ ၂၀၂၄  ဇန်နဝါရီ)မှာ ငွေကြေးသုံးစွဲမှုအများဆုံးအသင်းအဖြစ်ရပ်တည်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိ ၂၀၂၄ နွေရာသီမှာလည်း အပြောင်းအရွှေ့ကာလအရှိန်မတက်ခင်ကတည်းက ကစားသမား (၃)ဦးကိုပေါင်သန်း (၅၀) ကျော်အသုံးပြုခေါ်ယူထားတာတွေ့ရပါတယ်။

 

Most Read

Most Recent