ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)  ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ နစက ဒုတိယဥက္ကဋ္ဌ တက်ရောက်မိန့်ခွန်းပြောကြား

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)  ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ နစက ဒုတိယဥက္ကဋ္ဌ တက်ရောက်မိန့်ခွန်းပြောကြား
Published 9 July 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇူလိုင် ၈ ရက် တရုတ်ပြည်သူသမ္မတနိုင်ငံ ရှန်တုန်းပြည်နယ် ချင်း တောင်မြို့ရှိ  Qingdao International Con -ference Center ၌ကျင်းပသည့် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်မိန့် ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ဦးစွာ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန် ကြီးချုပ်သည်  Qingdao International Con -ference Center  ခန်းမသို့ ရောက်ရှိပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်လာကြသည့် အဖွဲ့ဝင် နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေး ဖက်နိုင်ငံများမှ နိုင်ငံ့ကိုယ်စားလှယ်များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် အထိမ်းအ မှတ်အဖြစ် နိုင်ငံအလိုက် ခင်းကျင်းပြသထား သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  နိုင်ငံ့ခေါင်းဆောင်များ ပြပွဲအတွင်း လှည့်လည် ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည်  Qingdao International Con -ference Center ခန်းမ၌ကျင်းပသည့် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့သည်။

စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲအခမ်း အနားသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကာဇက် စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကာဂျီစတန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ဥဇ ဘက်ကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန် နိုင်ငံနှင့် အီရန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ လေ့လာသူနိုင်ငံများဖြစ်သည့် အာဖဂန်နစ္စ တန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံနှင့် မွန်ဂိုလီးယား နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် သီရိလင်္ကာနိုင်ငံ၊ တူရကီနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင် ငံ၊ နီပေါနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ အီဂျစ် နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ မော်လ်ဒိုက်ဗ်နိုင်ငံ၊ ယူအေအီး နိုင်ငံနှင့် ဘာရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ် များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြကြောင်း သိရသည်။

     ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသား ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အိမ်နီးချင်း ကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင်ဥက္ကဋ္ဌ  Mrs. Shen Yueyue?

အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံ များနှင့် ဆွေးနွေးဖက်နိုင်ငံများမှ နိုင်ငံ့ကိုယ် စားလှယ်များက အမှာစကားပြောကြားသည်။

နစက ဒုတိယဥက္ကဋ္ဌက အခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် ရေ၊ လေ၊ မြေ၊ ဇီဝ အဝန်းအဝိုင်းများနှင့် ဖွဲ့စည်းထားသည့် ကမ္ဘာမြေစနစ်နှင့် လူသားများသည် အပြန် အလှန် ဆက်နွယ်မှုရှိနေသည့်အတွက် လူ သားများကြောင့် သဘာဝပတ်ဝန်းကျင် ပျက် စီးမှုမရှိစေရေးကာ ကွယ်ထိန်းသိမ်းပေးရ မည်ကို မိမိတို့ အလေးထားဂရုပြုကြရမည် ဖြစ်ကြောင်း၊ ကမ္ဘာနှင့်အဝှမ်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရာတွင် အစိမ်းရောင်ဖွံ့ဖြိုးမှုစံချိန်စံညွှန်းများသည် လွန်စွာအရေးကြောင်း၊ မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် တိုးတက် ကောင်းမွန်ပြီး ရေရှည်လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် အစိမ်းရောင်ဖွံ့ဖြိုးရေး ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်ဆောင် ရွက်ရာတွင် သဘာဝအခြေခံဖြေရှင်းနည်းလမ်းများဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏အစိမ်းရောင်ဖွံ့ ဖြိုးတိုးတက်မှုမြှင့်တင်နိုင်ရန် အစိမ်းရောင် စီးပွားရေး မူဝါဒမူဘောင်ရေးဆွဲပြီး လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ မှု၊ မြန်မာ့ပင်လယ်ပြင်၏ တောင်ပိုင်းတစ် လျှောက် ရေပေါ်ရေအောက် လှည့်လည်ကြည့် ရှုလေ့လာနိုင်ရန် အစိမ်းရောင်ခရီးသွားမြှင့် တင်ရေးကဏ္ဍအဖြစ် စီမံဆောင်ရွက်ထားရှိ မှု၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် ပါရီ သဘာတူစာချုပ်ပါ ရည်မှန်းချက်အောင်မြင် ရေးအတွက် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီ ထွေရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ သဘာဝ ပတ်ဝန်းကျင်နှင့်ဂေဟစနစ်များကို ထိန်းသိမ်း ရာတွင်ဖြစ်စေ၊ ထုတ်ယူသုံးစွဲရာတွင် ဖြစ်စေ ဆောင်ရွက်သူများသည် လူသားများပင်ဖြစ် သည့်အတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ အနေနှင့် စံနမူနာပြအဖြစ် လက်တွဲညီညီ ဆောင်ရွက်ရန် လိုအပ်မှု၊ အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်မှုအပေါ် ကတိကဝတ်များကို ထပ် လောင်းအတည်ပြုရန် လိုအပ်မှုစသည့်အခြေ အနေများနှင့်ပတ်သက်ပြီး နစကဒုတိယ ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။

ထို့နောက် ဒေသတွင်း စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေးနှင့် စဉ် ဆက်မပျက်ဖွံ့ဖြိုးတိုးတက်သောအနာဂတ်ကို အတူတကွမြှင့်တင်သွားရေး ဦးဆောင်ဦးရွက် ပြုမှု စီမံချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆွေးနွေးပွဲများကို သတ်မှတ် ခေါင်းစဉ်အလိုက်ကျင်းပရာ ဆွေးနွေးဖက် နိုင်ငံများနှင့် လေ့လာသူနိုင်ငံများမှကိုယ်လှယ် များနှင့် ပညာရှင်များတက်ရောက်ပြီး နိုင်ငံ အလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးကြ ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲများသို့ နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါ လာသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဆန်းဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။