ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတက် ကုသရသူ ၄၄ ဦးရှိပြီး နှစ်ဦးမှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတက် ကုသရသူ ၄၄ ဦးရှိပြီး နှစ်ဦးမှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Published 8 July 2024

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက် ကုသရသူ ၄၄ ဦးရှိပြီး နှစ်ဦးမှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ကြောင်း ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်အချို့တွင် ဇွန် ၂၅ ရက်မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများ ဖြင့် လူနာအချို့ဆေးရုံတက်ရောက်မှုများရှိခဲ့ သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

ဇူလိုင် ၇ ရက် နံနက် ၈ နာရီမှ ည ၈ နာရီ အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူလူနာသစ် ၄၄ ဦးရှိခဲ့ပြီး ၎င်းင်းတို့အနက် နှစ်ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ပြီး ကျန် ၄၂  ဦးမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် ပွားသူလူနာများဖြစ်ကြောင်း၊ လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ဇူလိုင် ၆ ရက်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာသစ် ၆၃ ဦးရှိခဲ့သဖြင့် လူနာသစ် တွေ့ရှိမှုဦးရေ ကျဆင်းလာကြောင်း ရောဂါ စောင့်ကြပ်ကြည့်ရှုမှု သတင်းအချက်အလက် များအရ တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒေါပုံမြို့နယ်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့် ပတ် သက်၍ ကွင်းဆင်းဆောင်ရွက်၍ လူနာသစ် ရှာဖွေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဇူလိုင်လဆန်း ပိုင်း အထူးသဖြင့် ဇူလိုင် ၄ ရက်မှ ၆ရက် အ တွင်း ဆေးရုံတက်လူနာများ မြင့်တက်ခဲ့သော် လည်းအများစုမှာ သာမန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ လူနာများသာ ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ ဆေးရုံကြီး များတွင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာများအား စနစ်တကျဆေးကုသမှု ပေးလျက်ရှိပြီး လိုအပ်သော ဆေးဝါးများကို လည်း ပံ့ပိုးပေးလျက်ရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်စဉ်နှင့် ပတ်သက်ပြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုအဆင့်ကွင်းဆင်းအဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦး စီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် ကွင်းဆင်းအဖွဲ့များနှင့်ပူးပေါင်း၍ ကျန်းမာရေးဝန် ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ရော ဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ရောဂါဖြစ် ပွားရာ မြို့နယ်၊ ရပ်ကွက်၊ နေအိမ်များသို့ ကွင်း ဆင်း၍ လူနာတွေ့ရှိရာနေရာသို့ ဦးတည်ကာ ကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများဖြစ်သည့် လူနာများနေထိုင်ရာနေအိမ်များသို့ သွား ရောက်၍ ကူးစက်မှုဖြစ်စဉ်များအား စစ်ဆေး မေးမြန်းစုံစမ်းခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်း၊ ထိတွေ့သူများကို ဃသညအခေအ ွှမနအောနညအ ပေး ခြင်း၊ အနီးပတ်ဝန်းကျင်တွင် လူနာသစ်ရှာဖွေ ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊သောက် သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေး ခတ်ခြင်း၊ ရေသန့်ဆေးပြားများဝေခြင်း၊ အစား အစာသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခြင်း စသည့်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

         

Most Read

Most Recent