မြန်မာတိုက်စစ်မှူး သီဟဇော် ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းသို့ ပြောင်းရွှေ့

မြန်မာတိုက်စစ်မှူး သီဟဇော် ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းသို့ ပြောင်းရွှေ့
Photo: Nagaworld FC
Photo: Nagaworld FC
Published 8 July 2024

 မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်းဖြစ်သူ သီဟဇော်သည် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် နာဂါဝေါလ်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် နာဂါဝေါလ်အသင်းသည် တိုက်စစ်မှူးသီဟဇော်ကို လာမည့် ၂၀၂၄-၂၀၂၅ ရာသီအတွက် တစ်ရာသီစာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သီဟဇော်သည် ပြီးခဲ့သည့် ၂၀၂၂ ရာသီတွင် ကမ္ဘောဒီးယားလိဂ်-၂ ကလပ် ခိုကောင်းအသင်း၊ ၂၀၂၃ ရာသီတွင် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် ပရေးဗန်အသင်းတို့တွင် ကစားခဲ့ပြီး ယခုအခါ နာဂါဝေါလ်အသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

သီဟဇော်သည်  ပရေးဗန်အသင်းနှင့် ချုပ်ဆိုထားသည့်စာချုပ်သက်တမ်းမှာ ပြည့်သွားပြီဖြစ်သောကြောင့် နာဂါဝေါလ်အသင်းထံသို့ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီဟဇော်သည် ပြီးခဲ့သည့် ၂၀၂၃ ရာသီတွင် ပရေးဗန်အသင်းအတွက် ပြိုင်ပွဲစုံ(၉) ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု(၇) ကြိမ်ပြုလုပ်ခဲ့ကာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MVP) ကို နှစ်ကြိမ်ဆွတ်ခူးရှိခဲ့ကြောင်း သိရသည်။

သီဟဇော်၏ လက်ရှိကလပ် နာဂါဝေါလ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃ ရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲအပြီးတွင် အဆင့်(၇) နေရာ၌ ရပ်တည်ခဲ့သည်။

 

Most Read

Most Recent