စပိန်တိုက်စစ်ကစားသမားများနှင့် ရင်ဆိုင်ရန် အသင့်ရှိနေသည်ဟု ခွန်ဒဲ ဆို

စပိန်တိုက်စစ်ကစားသမားများနှင့် ရင်ဆိုင်ရန် အသင့်ရှိနေသည်ဟု ခွန်ဒဲ ဆို
Photo: X
Photo: X
Published 8 July 2024

ပြင်သစ်အသင်း၏ နောက်ခံလူ ခွန်ဒဲက ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်တွင် စပိန်အသင်း၏ တိုက်စစ်ကစားသမားများနှင့် ရင်ဆိုင်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

ခွန်ဒဲသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင်  ပြင်သစ်အသင်း၏ ပွဲထွက်ကစားသမားအဖြစ် ပွဲတိုင်းပါဝင်ခွင့် ရရှိထားသူဖြစ်သည်။

ခွန်ဒဲက ''အရေးကြီးတဲ့ ပွဲတွေကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာအောင် ကူညီပေးလို့ပါ။ ပြိုင်ဘက်ကစားသမားကောင်းတွေနဲ့ ရင်ဆိုင်ရမှာကိုလည်း အမြဲစိတ်လှုပ်ရှားပါတယ်။ ဒီလိုစိန်ခေါ်မှုတွေမှာ ခြေစွမ်းပြနိုင်အောင် ကျွန်တော် အမြဲကြိုးစားပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent