မန်ယူအသင်းသို့ ပြောင်းရွှေ့သွားသည့် အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝပ်သ်နေရာတွင် မိုနာကိုအသင်း အားကစားဒါရိုက်တာဟောင်း ပေါလ်မစ်ချဲလ်ကို နယူးကာဆယ် အစားထိုး

မန်ယူအသင်းသို့ ပြောင်းရွှေ့သွားသည့် အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝပ်သ်နေရာတွင် မိုနာကိုအသင်း အားကစားဒါရိုက်တာဟောင်း ပေါလ်မစ်ချဲလ်ကို နယူးကာဆယ် အစားထိုး
Photo: Getty Images
Photo: Getty Images
Published 6 July 2024

 

နယူးကာဆယ်အသင်းသည် မန်ယူအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝပ်သ်၏နေရာတွင် မိုနာကိုအသင်း၏ အားကစားဒါရိုက်တာဟောင်း ပေါလ်မစ်ချဲလ်ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။ 

မစ်ချဲလ်(၄၂ နှစ်)သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် မိုနာကိုအသင်းနှင့် လမ်းခွဲခဲ့သူဖြစ်ပြီး ယင်းအသင်းမတိုင်မီ ဆောက်သမ်တန်၊ စပါးနှင့် လိုက်ပ်ဇစ်အသင်းများတွင် ဆောင်ရွက်ခဲ့ဖူးသူလည်းဖြစ်သည်။ 

ယခုအခါ နယူးကာဆယ်အသင်းက ၎င်းကို ဒန်အက်ရှ်ဝပ်သ်နေရာတွင် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်ပြီး စာချုပ်သက်တမ်းကိုမူ ဖော်ပြခြင်းမရှိခဲ့ပေ။