ဘိုင်ယန်မြူးနစ်မှ ထွက်ခွာဖွယ်ရှိနေသည့် ကင်မစ်ချ်အားခေါ်ယူရန် စပိန်နှင့် အင်္ဂလန်ထိပ်သီးကလပ်အသင်းများ အပြိုင်ကြိုးပမ်းနေ

ဘိုင်ယန်မြူးနစ်မှ ထွက်ခွာဖွယ်ရှိနေသည့် ကင်မစ်ချ်အားခေါ်ယူရန် စပိန်နှင့် အင်္ဂလန်ထိပ်သီးကလပ်အသင်းများ အပြိုင်ကြိုးပမ်းနေ
Photos: X
Photos: X
Published 24 June 2024

ယခုနွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ဂျာမနီဝါရင့်ကွင်းလယ်လူ ဂျိုရှူအာကင်မစ်ချ် (၂၉ နှစ်)အား ခေါ်ယူရန်အတွက် စပိန်ထိပ်သီးကလပ်အသင်း (၂)သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့အပြင် ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းများဖြစ်သည့် မန်စီးတီး၊ အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့ အပြိုင်ကြိုးပမ်းနေကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့် ကင်မစ်ချ်သည် လက်ရှိအချိန်အထိ စာချုပ်သစ်အတွက် ဆွေးနွေးမှုအဆင်မပြေသေးသလို၊ အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်သည့်အတွက် ဘိုင်ယန်မြူးနစ်တာဝန်ရှိသူများအနေဖြင့် ယခုနွေရာသီတွင် ရောင်းချသွားရန် စီစဉ်နေခြင်းဖြစ်ပြီး ကမ်းလှမ်းမှုများကို လက်ခံဆွေးနွေးသွားဖွယ်ရှိနေကြောင်း သိရသည်။

ကင်မစ်ချ်အား ခေါ်ယူလိုသည့်အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀)နီးပါးနှင့် တစ်နှစ်လစာငွေ ယူရို (၁၀)သန်းခန့် ပေးချေရဖွယ်ရှိနေပြီး  ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများ စတင်သွားဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။

Most Read

Most Recent