စားအုန်းဆီ စျေးနှုန်းမြှင့်တင် ရောင်းချသူ ခုနစ်ဦးကို အရေးယူထားပြီး မြေပြင်တွင် စစ်ဆေးမှုများ လုပ်ဆောင်နေဟု ဆို

စားအုန်းဆီ စျေးနှုန်းမြှင့်တင် ရောင်းချသူ ခုနစ်ဦးကို အရေးယူထားပြီး မြေပြင်တွင် စစ်ဆေးမှုများ လုပ်ဆောင်နေဟု ဆို
Published 22 June 2024

 

စားအုန်းဆီစျေးနှုန်း မြှင့်တင်ရောင်းချသူ ခုနစ်ဦးကို အရေးယူထားပြီး မြေပြင်တွင် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်က ပြောကြားသည်။

အထိုင်ရည်ညွန်းစျေးအား သယ်ယူပို့ ဆောင်စရိတ်များ ထပ်ပေါင်းပြီး အမြတ် နှစ်ရာခိုင်နှုန်းသာရောင်းချရန် သက်ဆိုင်ရာမြို့ နယ် အုပ်ချုပ်ရေး၊ စည်ပင် အစရှိသည့်အဖွဲ့ များနှင့် စစ်ဆေးနေကြောင်း၊ သတ်မှတ်ရည် ညွှန်းစျေးအတိုင်း ရောင်းချခြင်းမရှိသည့် ဆိုင် များကို အရေးယူနေခြင်းဖြစ်ကြောင်း ဦးကျော် ကျော်လွင်က ပြောကြားသည်။

“စားအုန်းဆီက အရေးကြီးကုန်စည်အ ဖြစ်သတ်မှတ်ထားတဲ့အတွက် အရေးကြီးကုန်စည်နဲ့ပဲ တရားစွဲဆိုဆောင်ရွက်ခဲ့တာ ရန်ကုန်တိုင်းမှာ ခုနစ်မှုလောက်ရှိပါတယ်။ ဆောင်ရွက်နေပါတယ်။ လက်ရှိလည်း သတ်မှတ်ထား တဲ့ရည်ညွှန်းစျေးအတိုင်းမရောင်းရင် အရေး ကြီးကုန်စည်နဲ့ အရေးယူမယ်ဆိုတာ အသိပ ညာပေးထားပါတယ်” ဟု ဦးကျော်ကျော်လွင် ကပြောကြားသည်။

ဇွန် ၂၀ ရက်ကလည်း လက်လီလက်ကား ရောင်းချသူ ၄၀၀ ကျော်ကို စျေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန် ခေါ်ယူအသိပေးခဲ့သည် ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။

“လက်ရှိမှာလည်း သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးအတိုင်း မရောင်းဘူးဆိုရင် ကျွန် တော်တို့က အရေးကြီးကုန်စည်ဥပဒေနဲ့အရေး ယူမယ်ဆိုတာကို မနေ့ (ဇွန် ၂၀ ရက်) ကပဲ ကျွန်တော်တို့ UMFCCI မင်္ဂလာခန်းမမှာ လက်လီလက်ကား ရောင်းချသူ ၄၀၀ ကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန် ကြီး ဦးဆောင်ပြီး အသိပေးရှင်းလင်းမှာကြား ထားတယ်” ဟု ဦးကျော်ကျော်လွင်က ပြော ကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၄ မြို့ နယ်အတွက် တစ်ရက်လျှင် ဆီပေပါ ၂၆၀၀ ကျော်ဖြန့်ဖြူးပေးနေသည်ဟု ဦးကျော်ကျော် လွင်၏ ပြောကြားချက်အရ သိရသည်။

“ တစ်ရက်ကို ရန်ကုန်တိုင်းမှာဆိုရင် ဆီ ပေပါ ၂၆၆၀။ ဒါက ၄၄ မြို့နယ်အတွက်ပေါ့။ မြို့နယ်အလိုက် လူဦးရေ၊ ဝန်ထမ်းအင်အား၊ အဲ့ဒီမှာမှ ဒီအကြော်လုပ်ငန်းလေးတွေ၊ လ ဘက်ရည်ဆိုင်အပါအဝင် ဘာသာရေးအ လိုက် အဖွဲ့အစည်းတွေအတွက်ပါ တိုင်းဒေ သကြီးအစိုးရနဲ့ သတ်မှတ်ပြီးတော့ importer ကုမ္ပဏီတွေကနေ သူတို့အစီအစဉ်နဲ့ မြို့နယ်အလိုက် ဖြန့်ခွဲပါတယ်။ အဲ့ဒီကမှ ခုနကလက် လီ လက်ကားဆိုင်တွေကို ကျွန်တော်တို့ စီးပွား ကူးသန်းဝန်ကြီးဌာနရဲ့ အပတ်စဉ်ထုတ်ပြန် ပေးတဲ့ ရည်ညွန်းစျေးနဲ့ သယ်ဆောင်စရိတ် အပြင် အ မြတ်နှစ်ရာခိုင်နှုန်းယူပြီး ရောင်းချ ပေးဖို့ဖြစ်ပါတယ်”  ဟု စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင် က ပြောကြားသည်။

Most Read

Most Recent