■ ခရိုအေးရှားနှင့် အယ်လ်ဘေးနီးယားပရိသတ်များ၏ အပြုအမူကြောင့် ယူရိုပြိုင်ပွဲမှ နုတ်ထွက်မည်ဟု ဆားဘီးယားအသင်း ခြိမ်းခြောက်     

■ ခရိုအေးရှားနှင့် အယ်လ်ဘေးနီးယားပရိသတ်များ၏ အပြုအမူကြောင့် ယူရိုပြိုင်ပွဲမှ နုတ်ထွက်မည်ဟု ဆားဘီးယားအသင်း ခြိမ်းခြောက်     
Published 21 June 2024

ဆားဘီးယားဘောလုံးအဖွဲ့ ချုပ်သည် ခရိုအေးရှားနှင့် အယ်လ်ဘေးနီးယားပရိသတ်များ၏ အပြုအမူကြောင့် ယူရိုပြိုင်ပွဲမှ နုတ်ထွက်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

    

ဆားဘီးယားအသင်းသည် ယူ ရို-၂၀၂၄ ပြိုင်ပွဲတွင် အုပ်စု(C)၌ အင်္ဂလန်၊ ဆလိုဗေးနီးယား၊ ဒိန်းမတ်တို့နှင့်အတူ ကျရောက်ခဲ့ပြီး နှစ်ပွဲက စားအပြီးတွင် အင်္ဂလန်ကို ရှုံးနိမ့်ကာ ဆလိုဗေးနီးယားနှင့် သရေကျခဲ့သည်။ 

ထို့ကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် အခြေအနေမကောင်းတော့သော်လည်း အကောင်းဆုံး အုပ်စုတတိယအသင်း နောက် တစ်ဆင့်တက်နိုင်မည်ဖြစ်သည့်အတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ 

ဆားဘီးယားအ သင်းသည် ခရိုအေးရှားနှင့် အယ်လ်ဘေးနီးယားပရိသတ်များက ၎င်းတို့အပေါ် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများ ရှိခဲ့သည့်အတွက် ပြိုင်ပွဲမှနုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    

ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ခရိုအေးရှား (၂-၂) အယ်လ်ဘေးနီးယားပွဲတွင် နှစ်ဖက်အသင်းပရိသတ်များက "ဆာ့ဘ်တွေကို သတ် ပစ်"ဟု အော်ဟစ်ခဲ့သည့်အတွက် ဆားဘီးယားဘောလုံးအဖွဲ့ချုပ်က ဒေါသထွက်ခဲ့ပြီး အဆိုပါအသင်းနှစ်သင်းကို အရေးယူပေးရန် ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)ကို တောင်းဆိုခဲ့သည်။ 

အကယ်၍ အပြစ်ပေးအရေးယူမှု ပြုလုပ်ခြင်းမရှိပါက ယူရိုပြိုင်ပွဲမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ 

ဆားဘီးယားဘောလုံးအဖွဲ့ချုပ်သည် ယခုယူရိုပြိုင်ပွဲ၌ ပရိသတ်များကို နိုင်နင်းစွာ ကိုင်တွယ်နိုင်စွမ်းမရှိသည့်အတွက် UEFA ၏ စွဲချက် တင်ခံထားရကြောင်း သိရသည်။

Most Read

Most Recent