ဆောက်ဂိတ်နှင့် အင်္ဂလန် ဖလားမရနိုင်ဟု ဂါးလက်စ် ဆို

ဆောက်ဂိတ်နှင့် အင်္ဂလန် ဖလားမရနိုင်ဟု ဂါးလက်စ် ဆို
Photos: X
Photos: X
Published 20 June 2024

ပြင်သစ်နောက်ခံကစားသမားဟောင်း ဂါးလက်စ်က နည်းပြ ဆောက်ဂိတ်၏ဦးဆောင်မှုဖြင့် အင်္ဂလန်အသင်းအနေဖြင့် ယူရိုဖလား မရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။

သို့သော် ဂါးလက်စ်ကမူ ယူရိုပြိုင်ပွဲတွင် အင်္ဂလန်အသင်း ဗိုလ်စွဲရန် ထိပ်ဆုံးမှရေပန်းစားနေခြင်းမှာ ရယ်စရာသာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဂါးလက်စ်က ''အင်္ဂလန်က ရေပန်းအစားဆုံး ဟုတ်လား (ရယ်လျက်)။ လူတွေက ရယ်စရာလုပ်နေတယ်လို့ပဲ ကျွန်တော် ထင်တယ်။ အင်္ဂလန် ယူရိုချန်ပီယံဖြစ်မယ်လို့ ခင်ဗျားတို့ တကယ်ထင်လို့လား။ ပြီးတော့ ဆောက်ဂိတ်က အင်္ဂလန်အသင်း ခန့်အပ်တဲ့ အကောင်းဆုံးနည်းပြ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ဖလားတွေ လိုချင်တယ်ဆိုရင် ဆောက်ဂိတ်ထက် ပိုကောင်းတဲ့ နည်းပြကို ခန့်အပ်သင့်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent