ယခုနှစ် ကိုပါအမေရိကပြိုင်ပွဲ၌ ချန်ပီယံဆုရရှိသည့်အသင်းသည် မူလလက်ဟောင်း ကိုပါအမေရိကဖလားကို ကိုင်မြှောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း (၁၀၀)ကျော် သက်တမ်းရှိပြီဖြစ်သည့် ကိုပါအမေရိကဖလား မူရင်းကို ၂၀၀၁ ခုနှစ်တွင် သိမ်းဆည်းထားခဲ့ပြီး ၂၀၀၄ မှ ၂၀၂၁ အထိ ပြိုင်ပွဲများ၌ ပုံတူဆုဖလားကိုသာ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း(၁၆)သင်းပါဝင်သော ထူးခြားသည့်ပြိုင်ပွဲဖြစ်သောကြောင့် မူရင်းဆုဖလားဖြင့် ပြန်လည်ချီးမြှင့်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။