စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာအနီးတွင် မိုင်းပေါက်ကွဲပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ

စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာအနီးတွင် မိုင်းပေါက်ကွဲပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
Published 11 June 2024

စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာအနီးတွင် မိုင်းပေါက်ကွဲပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ် ဇွန် ၈ ရက် ည ၆ နာရီ မိနစ် ၂၀ တွင် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့ နယ် နွယ်ရုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာ နေ မောင်ဝင်းဝင်းတောက် (၁၃ နှစ်) နှင့် တစ် ရွာတည်းနေ မောင်စိုင်းလုံ(ခ) အိုက်လုံချမ်း (၁၄ နှစ်) တို့သည် နွယ်ရုံကျေးရွာအနီးရှိ နွယ် ရုံ-ရေမျက်သွားလမ်း၌ ဆိုင်ကယ်အမောင်း သင်နေစဉ် လမ်းဘေးမှ မိုင်းတစ်လုံးပေါက်ကွဲ ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် မောင်ဝင်းဝင်း တောက်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး မောင်စိုင်းလုံ(ခ)အိုက်လုံချမ်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ် ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများ အား စဥ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှ ကျူးလွန်ခဲ့သူများကို အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

Most Read

Most Recent