ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကမ္ဘောဒီးယား၊ ထိုင်း လေတပ်ဦးစီးချုပ်များ၊ လာအိုလေတပ် နိုင်ငံရေးမှူးတို့ သီးခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံလေတပ်များအကြား ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေး

ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကမ္ဘောဒီးယား၊ ထိုင်း လေတပ်ဦးစီးချုပ်များ၊ လာအိုလေတပ် နိုင်ငံရေးမှူးတို့ သီးခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံလေတပ်များအကြား ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေး
Published 19 September 2024

ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကမ္ဘောဒီးယား၊ ထိုင်း လေတပ်ဦးစီးချုပ်များ လာအိုလေတပ် နိုင်ငံရေးမှူးတို့ သီးခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံလေတပ်များအကြား ပညာရေးနှင့် လေ့ကျင့်ရေး ဆိုင်ရာ အပါအဝင်  ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငှံငနာ Siem Reap မြို့၌ ကျင်းပသည့်  (၂၁)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ် General Soeung Samnang နေ့လယ်ပိုင်းတွင် ထိုင်းလေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul  နှင့် လာအိုလေတပ် ဦးစီးချုပ်(ကိုယ်စား) လာအို လေတပ် နိုင်ငံ ရေးမှူး ;Brigadier General Bounma CHANTHAVONGSA တို့နှင့် သီးခြားစီတွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံမှုများတွင် နှစ်နိုင်ငံ လေတပ်များအကြား ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ လေ့ ကျင့်ခန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ ပူး ပေါင်းဆောင် ရွက်ရေးတို့အတွက် နှစ်နိုင်ငံ လေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေး နွေးခဲ့ကြောင်းသိရသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည်  စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် Siem Reap  မြို့ရှိ Sokha Siem Reap Reso-rts & Convention Center 

၌ ကျင်းပ သော (၂၁)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ် များ အစည်းအဝေး 21st ASEAN Air Chiefs Conference- 21st AACC) သို့ တက် ရောက်ခဲ့ပြီး အာဆီယံလေတပ်ဦးစီးချုပ် များ က Enhancing Information Sharing and Cohesive Cooperation Among ASEAN Air Forces For Peace and Development”ခေါင်းစဉ်အား အသီးသီး ဆွေးနွေးခဲ့ပြီးနောက် အစည်းအဝေး သဘော တူ ဆုံးဖြတ်ချက်များ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။ 

ကာကွယ်ရေးဦးစီးချုပ်(လေ)ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင် ဘာလ ၁၈ ရက် ညပိုင်းတွင်  မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။          

 

Most Read

Most Recent