ချင်းပြည်နယ်တွင် သုံးနှစ်ကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၀၂ ဦး ထိခိုက်သေဆုံးခဲ့သည့်အနက် ရာခိုင်နှုန်း ၄၀ သည် အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်

ချင်းပြည်နယ်တွင် သုံးနှစ်ကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၀၂ ဦး ထိခိုက်သေဆုံးခဲ့သည့်အနက် ရာခိုင်နှုန်း ၄၀ သည် အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်
Published 11 June 2024

ချင်းပြည်နယ်တွင် သုံးနှစ်ကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၀၂ ဦး ထိ ခိုက်သေဆုံးခဲ့သည့်အနက် ရာခိုင်နှုန်း ၄၀ သည် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ် ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Hu -man Rights Organization) က ထုတ်ပြန် သည်။ 

ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization)  က ထုတ်ပြန် သည့် စာတမ်းတစ်ခုတွင် ချင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၄ ခုနှစ် မေလအထိ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၀၂ ဦး ထိခိုက် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ 

ချင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၄ ခုနှစ် မေလအထိ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၃၆ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ 

ချင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၄ ခုနှစ် မေလအထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သားထဲတွင် ရာ ခိုင်နှုန်း ၄၀ သည် အမျိုးသမီးများနှင့် ကလေး သူငယ်များ ဖြစ်ကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့က ဆိုသည်။ 

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ချင်းပြည်နယ်တွင် လူဦးရေ ငါးသိန်းခန့်ရှိသည့် အနက် နှစ်သိန်းခွဲခန့်မှာ နေရပ်စွန့်ခွာထွက် ပြေးနေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားသည်။ 

ချင်းပြည်နယ်က စစ်ရှောင်အနေဖြင့် ပြည်တွင်းနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံနယ် စပ်ဒေသများသို့ ၂၀၂၁ ခုနှစ်ကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း CHRO ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent