■ သရုပ်ဆောင် မေမီကိုကို ၏ ပုဇွန်တောင် ရေကျော်လမ်းရှိ အလှပြင်ဆိုင် ဖောက်ထွင်းခံရ

■ သရုပ်ဆောင် မေမီကိုကို ၏ ပုဇွန်တောင် ရေကျော်လမ်းရှိ အလှပြင်ဆိုင် ဖောက်ထွင်းခံရ
Published 11 June 2024

သရုပ်ဆောင်မေမီကိုကို၏ ပုဇွန်တောင်ရေကျော်လမ်းရှိ အလှပြင်ဆိုင် ဖောက်ထွင်းခံရကြောင်း သိရသည်။ပုဇွန်တောင်ရေကျော်လမ်းပေါ်ရှိ Ko Ko Nail & Beauty Bar အမည်ရှိ အလှပြင်ဆိုင် ဖောက်ထွင်းခံရခြင်းဖြစ်ပြီး ဝန်ထမ်းများ၏ လက်ကိုင်ဖုန်းများ ပါသွားကြောင်း သရုပ်ဆောင်မေမီကိုကိုက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

" ရေကျော်လမ်းပေါ်က Ko Ko Nail & Beauty Barဆိုတဲ့ဆိုင်မှာပါ။ ဆိုင်သူခိုးဝင်တယ် ဆိုင်ကဝန်ထမ်းညီမလေးတွေရဲ့ ဖုန်းနှစ်လုံးပါသွားပါတယ်။ ဆိုင်မှာ cctv ရှိတဲ့အတွက်ကြောင့် သံတံခါးကို ဘယ်လိုအုပ်ခဲတွေနဲ့ခုပြီးဝင်ပြီး ဘယ်လိုခိုးလဲတွေ့ရပါတယ်" ဟု သရုပ်ဆောင်မေမီကိုကိုက ရေးသားထားသည်။

ဖြစ်စဉ်မှာ ဇွန် ၆ ရက် နံနက် ၄ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး ဖောက်ထွင်းခိုးယူသူများမှာ သုံးဦးဖြစ်ကြောင်း၊ ဖောက်ထွင်းခိုးယူခဲ့သည့် လက်ကိုင်ဖုန်းများကို ပြန်လာပေးစေလိုကြောင်း၊ CCTV မှတ်တမ်းများလည်းရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

" ခိုးတဲ့ကောင်လေး၃ယောက်လုံး ငယ်ငယ်လေးပဲ ရှိသေးတယ်ခိုးသွားတဲ့သူတွေ ချက်ချင်းအမြန်လာဖြေရှင်းပါ" ဟု သရုပ်ဆောင်မေမီကိုကိုက ဆက်လက်ရေးသားထားသည်။

Most Read

Most Recent