ထိုင်းနိုင်ငံတွင် ဆေးရုံတက်နေသည့် မြန်မာလုပ်သားတစ်ဦးကို လူနာလာမေးဟန်ဆောင်ပြီး သေနတ်ဖြင့်လာရောက်ပစ်ခတ်သဖြင့် သေဆုံး

ထိုင်းနိုင်ငံတွင် ဆေးရုံတက်နေသည့် မြန်မာလုပ်သားတစ်ဦးကို လူနာလာမေးဟန်ဆောင်ပြီး သေနတ်ဖြင့်လာရောက်ပစ်ခတ်သဖြင့် သေဆုံး
Published 8 June 2024

ထိုင်းနိုင်ငံတွင် ဆေးရုံတက်နေသည့် မြန်မာလုပ်သားတစ်ဦးကို လူနာလာမေးဟန်ဆောင်ကာ သေနတ်ဖြင့်လာရောက်ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း ထိုင်းဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ပစ်ခတ်မှုမှာ ထိုင်းနိုင်ငံအရှေ့မြောက် ပိုင်း မွမ်ခရိုင်၊ ခွန်ကန်ဒေသရှိ ပြည်သူ့ဆေးရုံ တွင် ဇွန် ၇ ရက် နံနက်အစောပိုင်းက ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ အသက် ၂၉ နှစ်အရွယ် ရှိ မြန်မာရွှေ့ပြောင်းလုပ်သား ကျော်စိုးအောင် ဆိုသူဖြစ်ပြီး ၎င်းသည် ဆေးရုံ၏ ပဥ္စမထပ်ရှိ အမျိုးသား ခွဲစိတ်လူနာဆောင်တွင် တက် ရောက်နေခြင်းဖြစ်သည်ဟု သတင်းတွင် ဖော် ပြထားသည်။

ပစ်ခတ်ခံရသူ ကျော်စိုးအောင်သည် ကျောကုန်းနောက်ကျောရှိ အဖုအကြိတ် တစ် ခုကို ခွဲစိတ်မှုခံယူရန် ဆေးရုံတက် စောင့်ဆိုင်း နေခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုးအောင်၏ ထိုင်းအမျိုးသမီး ချစ်သူ၏ ထွက်ဆိုချက်အရ ၎င်းတွင် ရန်ညှိုးဖွဲ့ ရန်ဖြစ်ရသည့် အခြေအနေများမရှိကြောင်း၊ လတ်တလောတွင် ကျော်စိုးအောင်မှာ လုပ် ဖော်ကိုင်ဖက်တစ်ဦးထံမှ ဘတ်ငွေ ၁၂၀၀၀ ချေးယူထားပြီး အပေါင်အဖြစ် ATM ငွေထုတ် ကတ်ကို ပေးထားခဲ့ သည့်ဖြစ်စဉ်သာရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကျော်စိုးအောင်နှင့်အတူနေချစ်သူ ထိုင်း အမျိုးသမီးမှာ ငါးဖမ်းပိုက်စက်ရုံတစ်ခုတွင် အတူလုပ်ကိုင်နေပြီး အတူနေထိုင်သည်မှာ လေးနှစ်ကျော်ကြာမြင့်ပြီဖြစ်ကြောင်း၊ ကျော် စိုးအောင်မှာ ခွဲစိတ်ကုသရန် ရက်ချိန်းရထား သည့်နေ့မှာပင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း အမျိုးသမီးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

တစ်ကိုယ်တော် ပြစ်မှုကျူးလွန်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည့် သေနတ်သမား မှာ ဇွန် ၆ ရက် ညသန်းခေါင်နီးပါးလောက်တွင် ဆေးရုံသို့ ရောက်ရှိလာပြီး ကျော်စိုးအောင် တက်ရောက်နေသည့်အခန်းကို သူနာပြုများ ထံ မေးမြန်းခဲ့ကြောင်း၊ ယင်းနောက် ခွဲစိတ် လူနာဆောင်ဆီ တက်လာကာ အိပ်ပျော်နေ သည့် ကျော်စိုးအောင်၏ နောက်စေ့ကို သေ နတ်ဖြင့် တစ်ချက်တည်း ပစ်ခတ်ကာထွက် ပြေးသွားကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် ကိုကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကျော်စိုး အောင်အား ဆေးရုံဝန်ထမ်းများက အရေး ပေါ်ခွဲစိတ်ကုသခန်းသို့ ပြောင်းရွှေ့ကာ ကယ် တင်ရန်ကြိုးပမ်းခဲ့သော်လည်း သေဆုံးခဲ့သည် ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးကင်မ ရာမှတ်တမ်း များကို ခြေရာခံကာ သဲလွန်စများ စုဆောင်းနေပြီး ရဲတပ်ဖွဲ့က သံသယရှိသူမှာ ကျော်စိုးအောင်နှင့် အလုပ်လုပ်နေပြီး လတ်တလော တိမ်းရှောင်နေသည်ဟု ယုံကြည်ရသည့် မြန်မာအမျိုးသားတစ်ဦး ဖြစ်နိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent