ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ ခုကို ငွေစာရင်းပိတ်သိမ်းထားပြီး ဟွန်ဒီလုပ်ကိုင်သူ ၁၂ ဦးကို အရေးယူထား

ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ ခုကို ငွေစာရင်းပိတ်သိမ်းထားပြီး ဟွန်ဒီလုပ်ကိုင်သူ ၁၂ ဦးကို အရေးယူထား
Published 30 May 2024

ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ ခုကို ငွေစာရင်းပိတ်သိမ်းထားပြီး ဟွန်ဒီလုပ်ကိုင်သူ ၁၂ ဦးကို အရေးယူထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

USDT အပါအဝင် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်းဆောင် ရွက်နေသူများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ငွေစာရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲဆို အရေးယူခြင်များ ဆောင်ရွက်လျက်ရှိကြောင်း ဗဟို ဘဏ်က မေ ၂၄ ရက်တွင် အသိပေးကြေညာခဲ့သည်။

ယင်းသို့ကြေညာအပြီး မေ ၂၉ ရက်အထိ ငါးရက်အတွင်း USDT အပါအဝင် တရားမဝင် ဒီဂျစ်တယ်ငွေ ကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် ၁၂ ဦးတို့၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ တို့အား ငွေစာရင်းပိတ်သိမ်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက လိုအပ်သော အရေးယူမှုများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း ဗဟိုဘဏ်က မီဒီယာများသို့ ဖြေကြားထားသည်။

တရားမဝင်ငွေကြေးများ ရောင်းဝယ်သည့်ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်သူများအနေဖြင့် မိမိတို့၏ ငွေကြေးဆုံးရှုံးသည့်အန္တရာယ်အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေး အဖွဲ့ အစည်းများ ဥပဒေတို့အရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သဖြင့် မိမိတို့၏ ငွေကြေးများ မဆုံးရှုံးစေရန်နှင့် ဘဏ်ငွေစာရင်းများ ပိတ်သိမ်းခံရခြင်းမရှိစေရန် တရားမဝင် နိုင်ငံ ခြားငွေ ရောင်းဝယ်ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် ဗဟိုဘဏ်က အသိပေး တိုက်တွန်းထားသည်။

Most Read

Most Recent