မြန်မာ့အရေး အဖြေရှာမည့် အာဆီယံ အထူးကိုယ်စားလှယ်၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်

မြန်မာ့အရေး အဖြေရှာမည့် အာဆီယံ အထူးကိုယ်စားလှယ်၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်
■ နေပြည်တော်တွင် မေ ၁၅ ရက်က နစကဥက္ကဋ္ဌနှင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံစဉ်
■ နေပြည်တော်တွင် မေ ၁၅ ရက်က နစကဥက္ကဋ္ဌနှင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံစဉ်
Published 19 May 2024

အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တစ်နှစ်စီ ထမ်းဆောင်ရသည့် အာဆီယံ၏မူကြောင့် လာအိုနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည်။

၂၀၂၁ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်း နိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခု နှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံ က လည်းကောင်း၊ ၂၀၂၃ ခုနှစ်အ တွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံက လည်းကောင်း အသီးသီးတာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ထိုသို့ တာဝန်ယူဆောင်ရွက်ခဲ့ သော်လည်း ၎င်းတို့လက်ထက်တွင် မြန်မာ့အရေးကိစ္စနှင့်ပတ်သက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် အာဆီယံအလှည့် ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီး ရှားလက်ထက်တို့တွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ သည့် မြန်မာ့အရေးကိစ္စသည် လာ အိုနိုင်ငံအပေါ် ကျရောက်၍လာခဲ့ သည်။

လာအိုနိုင်ငံအနေဖြင့် အာဆီ ယံအလှည့်ကျ ဥက္ကဋ္ဌသစ် တာဝန်ယူ ရသော်လည်း မြန်မာ့အရေးကိစ္စ နှင့်ပတ်သက်၍ တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားသည့် နိုင်ငံမဟုတ် သောကြောင့် မြန်မာ့အရေးကို အောင် မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ် ကြောင်း နိုင်ငံတကာအရေး လေ့လာ သူများက သုံးသပ်ခဲ့ကြသော်လည်း အာဆီယံဥက္ကဋ္ဌသစ် လာအိုနိုင်ငံ လက်ထက်တွင် မြန်မာနှင့် အာဆီယံ အကြား ဆက်ဆံရေးမှာ တိုးတက်မှု အချို့ ရှိလာသည်ကို တွေ့ရသည်။

          အာဆီယံအထူးကိုယ်စ ားလှယ်သစ်၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်

၂၀၂၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ်ဖြစ်လာသည့် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးကိုယ်စား လှယ်အဖြစ် Mr. Alounkeo Kitti -khoun ကို ဇန်နဝါရီ ၁ ရက်တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စ ားလှယ်ဖြစ်လာသူ Mr. Alounkeo Kitti -khoun  သည် လာ အိုနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအ မတ်ကြီး တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၎င်းအား အာဆီယံအထူးကိုယ်စား လှယ်အဖြစ် တာဝန်ပေးပြီး ရက်ပိုင်း အတွင်း ပထမဆုံးအကြိမ် မြန်မာ နိုင်ငံခရီးစဉ်ကို စတင်ခဲ့သည်။

Mr. Alounkeo Kitti - khoun အနေဖြင့် ၎င်း၏ မြန်မာနိုင်ငံခရီး စဉ်အတွင်း နစကဥက္ကဋ္ဌ၊ ပြည်ထဲ ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး တို့နှင့် တွေ့ဆုံခဲ့သည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခုနစ်ဖွဲ့၊ နိုင်ငံရေးပါတီမှတ် ပုံတင်ကျပြီးသားဖြစ်သော နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့်လည်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် တွေ့ဆုံခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင် ရာ အာဆီယံအထူးကိုယ်စားလှယ်  Mr. Alounkeo Kitti - khoun  တို့ ဇန် နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်း မ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လာအို နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ် ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများ ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ခဲ့ရမှု၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးအရ ဖြေရှင်းမှုမပြုဘဲ လက် နက်ကိုင်အကြမ်းဖက်မှုများ လုပ် ဆောင်လာမှု၊ နိုင်ငံတည်ငြိမ်အေး ချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ ရေးအတွက် နိုင်ငံတော်အစိုးရအ နေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိမှု၊ ပြည်သူများလိုလားသည့် ပါ တီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ် တွင် ခိုင်ခိုင်မာမာရှိစေရေး တပ်မ တော်အနေဖြင့် အခိုင်အမာရပ်တည် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေ ဖြင့် ရှေ့လုပ်ငန်းစဉ်ငါးရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံရေးမျှော်မှန်းချက်နှင့် အမျိုးသားရေး မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာ နိုင်ငံအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေး ကိစ္စရပ်များတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် သည့်အချိန်၌ ဦးစားပေးအကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ် ငန်းများကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက်ငါး ရပ်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ချမှတ်ဆောင်ရွက် လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ချိန်ညှိအကောင် အထည်ဖော်ဆောင် ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ထို့အတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင် ငံဆိုင်ရာ အာဆီယံအထူးကိုယ်စား လှယ် Mr. Alounkeo Kitti - khoun တို့ ဇန်နဝါရီ ၁၀ ရက်က နေပြည်တော် ရှိ park royal  ဟိုတယ် နီလာ ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့်အညီ အာဆီယံတူညီဆန္ဒငါးချက် အကောင် အထည်ဖော်ဆောင်ရာတွင် တိုးတက် မှုများရရှိရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ် စားလှယ်တို့နှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များ၊ လူသားချင်းစာနာထောက်ထား မှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖ လှယ် ဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက် မှုနှင့် လက်ရှိပြည်တွင်းနိုင်ငံရေး ဖြစ် ပေါ်တိုးတက်မှု အခြေအနေများကို လည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr. Alounkeo Kitti - khoun တို့ ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စ ရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေး နွေးမှုအခြေအနေများ၊ အာဆီယံ တူညီဆန္ဒ ငါးရပ်အပေါ် ဆောင်ရွက် ချက်များ၊ လူသားချင်းစာနာထောက် ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မြ. ဗူသကည -ုနသ ုငအအငု့သကည အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်း ခုနစ်ဖွဲ့နှင့်လည်း ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ဗဟိုဌာန အစည်း အဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ သည်။

ထို့အတူ ဇန်နဝါရီ ၁၂ ရက်က လည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Mr. Alounkeo Kitti - khoun အနေဖြင့် နိုင်ငံရေးပါတီ မှတ်ပုံကျပြီးသားဖြစ်သော နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် ရန်ကုန်မြို့ ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

သုံးနှစ်နီးပါးအတွင်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပထမဆုံးတက်ရောက်သည့် မြန်မာ

အာဆီယံအထူးကိုယ်စားလှယ် သစ်၏ မြန်မာနိုင်ငံခရီးစဉ်အပြီး လာအိုနိုင်ငံ၌ ဇန်နဝါရီ ၂၉ ရက်က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦး တက်ရောက်ခဲ့သည်။

၂၀၂၁ ခုနှစ် နောက်ပိုင်း သုံးနှစ် နီးပါးကာလအတွင်း အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေး သို့ မြန်မာနိုင်ငံမှ အကြီးတန်းအရာ ရှိတစ်ဦးက ပထမဆုံးအကြိမ် တက် ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအ ပြောင်းအလဲဖြစ်ပြီးနောက် အောက် တိုဘာလထဲတွင် အာဆီယံအဖွဲ့က နစကခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် အာ ဆီယံနိုင်ငံခြားရေးဝန်ကြီးများအ စည်းအဝေးများသို့ တက်ရောက်ခြင်း ကို ပိတ်ပင်ခဲ့ပြီး ထိုအစား နိုင်ငံရေး နှင့်မသက်ဆိုင်သော ကိုယ်စားလှယ် များ စေလွှတ်ရန် ဖိတ်ကြားခဲ့သည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အ ထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာ ဝန်ယူခဲ့ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီး ယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအ စည်းအဝေးများနှင့် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေး များသို့ မြန်မာနိုင်ငံမှ  နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ် များ စေလွှတ်ခဲ့ခြင်း မရှိသော်လည်း ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံက ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အ ကြီးတန်းအရာရှိတစ်ဦးကို စေလွှတ် ၍ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ ခြင်းလည်း ဖြစ်သည်။

ထိုသို့ မြန်မာနိုင်ငံမှ အကြီးတန်း အရာရှိတစ်ဦး တက်ရောက်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ထုတ်ပြန် သည့် ထုတ်ပြန်ချက်ထဲ၌ ထူးခြားမှု အချို့ကို တွေ့ရသည်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်းက ရရှိခဲ့သည့် အာဆီယံဘုံသဘောတူ ညီချက်ငါးရပ် အကောင်အထည် ဖော်ရန် အာဆီယံက အမြဲလို တိုက် တွန်းခဲ့သော်လည်း လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်မူ မြန်မာ့အ ရေးအတွက် မြန်မာကိုယ်တိုင် ဦး ဆောင်သော ဖြေရှင်းမှုကို ထောက် ခံသည်ဟု ဖော်ပြထားသည်။

အာဆီယံဘုံသဘောတူညီခ ျက် ငါးချက်မှာ (၁) မြန်မာနိုင်ငံတွင် အ ကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြရန်၊ (၂) သက်ဆိုင်သူများအကြား အပြုသ ဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြရန်၊ (၃) အာဆီယံအထွေထွေ အတွင်းရေးမှူး ချုပ်၏ အကူအညီကိုရယူပြီး အာဆီ ယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးရေးလုပ်ငန်းစဉ် များကို ကြားဝင်ညှိနှိုင်းပေးရန်၊ (၄) အာဆီယံဘက်က လူသားချင်းစာနာ မှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနမှ တစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီများ ပေးရန်နှင့် (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့က မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနှင့် တွေ့ ဆုံရန် စသည့်အချက်များ ဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန် ကြီးများက မြန်မာနိုင်ငံ၏ သွေးထွက် သံယိုများပြားနေသော ပဋိပက္ခအ ဆုံးသတ်စေရေးအတွက် တောင်းဆို လိုက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးအစီ အမံကိုလည်းကောင်း၊ အကျပ်အ တည်းကို မြန်မာကိုယ်တိုင် ဦးဆောင် ဖြေရှင်းမှုကိုလည်းကောင်း ၎င်းင်းတို့ က တညီတညွတ်တည်း ထောက်ခံ ကြောင်း အစည်းအဝေးအပြီး ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

“အာဆီယံ စည်းလုံးညီညွတ်ရေး ကို ကျွန်တော်တို့ ထပ်လောင်းအတည် ပြုပါတယ်။ အားထုတ်ကြိုးပမ်းမှု မှန် သမျှဟာ ငြိမ်းချမ်းရေးအစီအမံ နဲ့အညီ အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်း ပြီး လုပ်ဆောင်သွားမယ်ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းပြောကြား ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ထို့ပြင် လူသားချင်းစာနာမှု အ ကူအညီများပေးနိုင်ရေးအတွက် အ ကြမ်းဖက်မှုရပ်ရန်နှင့် သည်းခံကြရန် တိုက်တွန်းထားသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးအပြီး ထုတ်ပြန် ချက်တွင် မြန်မာ့အရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ လာအို နိုင်ငံမှ အထူးသံတမန်အသစ်၏ ကြိုး ပမ်းအားထုတ်မှုများကို ထောက်ခံ ကြောင်းနှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက ဖော်ပြခဲ့ပြီး အထူးသံ တမန်က မြန်မာပြည်သူများကို ကူ ညီရန် ၎င်းင်း၏စိတ်ပိုင်းဖြတ်ထားမှုကို ယုံကြည်ကြောင်း ဆိုသည်။

အာဆီယံအထူးကိုယ်စားလှယ်၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်

ဇန်နဝါရီ ၁၀ ရက်က မြန်မာနိုင် ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ သည့် အာဆီယံအထူးကိုယ်စား လှယ်အနေဖြင့် လေးလအကြာ မေ လလယ်တွင် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ် ထပ်မံလာရောက်ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ် ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ထူးခြားမှုအဖြစ် အာဆီယံ အတွင်းရေးမှူးချုပ်လည်း ပါရှိလာ သည်ကို တွေ့ရသည်။

အာဆီယံအထူးကိုယ်စားလှယ် ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီး စဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် နေပြည်တော်တွင် မေ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ နိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေ များကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး အတွက် အာဆီယံက ကူညီဆောင် ရွက်ပေးသွားမည်ဆိုသော ဆွေးနွေး မှုများ ရှိခဲ့သည်။ 

ထို့ပြင် အာဆီယံအစည်းအဝေး များတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအ ခြေအနေများကိုလည်း ဆွေးနွေးခဲ့ ကြပြီး အာဆီယံအနေဖြင့် မြန်မာနိုင် ငံအတွက် လူသားချင်း စာနာထောက် ထားမှု အကူအညီများ ပေးအပ်လျက် ရှိမှုနှင့် အကူအညီ လိုအပ်လျက်ရှိ သည့် ပြည်သူများ လက်ဝယ်ရောက် ရှိရေး အကောင်းဆုံး ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ ပြည်သူများ၏ လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး ကြိုပမ်းဆောင် ရွက်လျက်ရှိမှု အခြေအနေများအား ဆွေးနွေးခဲ့သည်။

ထို့ပြင် လွတ်လပ်ပြီး တရားမျှ တသည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ မြန်မာ နိုင်ငံနှင့်ပတ်သက်သည့် အခြေအနေ မှန်များကို သိရှိအောင်ဆောင်ရွက် ရန် လိုအပ်သည့် အခြေအနေများ၊ နစကအနေဖြင့် နိုင်ငံတည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ် ငါးရပ်နှင့်အညီ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအ နေများ၊ အာဆီယံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သင့်သည့်အ ချက်များကိုလည်း ဆွေးနွေးခဲ့သည်။

လက်ရှိတွင် လာအိုနိုင်ငံအနေ ဖြင့် ၂၀၂၄ ခုနှစ် အာဆီယံအလှည့် ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားသည် မှာ ငါးလနီးပါးသာ ရှိသေးသော် လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် လုပ်ဆောင် မှုအချို့ လုပ်ဆောင်လာနိုင်သည်ကို တွေ့ရကြောင်း နိုင်ငံရေးအကဲခတ် များက သုံးသပ်ကြသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အ ထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာ ဝန်ယူခဲ့ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီး ယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ထက် စာလျှင် မြန်မာ့အရေးနှင့်ပတ်သက် ၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာ အိုနိုင်ငံ၏ ချဉ်းကပ်မှုသည် အပြုသ ဘောဆောင်ပြီး တိုးတက်မှုများလည်း တွေ့လာရကြောင်း နိုင်ငံရေးအကဲ ခတ်များက ဆိုသည်။

အနီးစပ်ဆုံးအနေဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ သုံးနှစ် နီးပါးအတွင်း မြန်မာနိုင်ငံမှ အကြီးတန်း အရာရှိတစ်ဦးက ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည့်အပေါ် အာဆီယံ နှင့် မြန်မာနိုင်ငံအကြား သဘောတင်း မာမှုအချို့ကို လျှော့ချနိုင်ခဲ့ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

ထို့ပြင် အာဆီယံအထူးကိုယ် စားလှယ်၏ ဒုတိယအကြိမ် မြန်မာ နိုင်ငံ ခရီးစဉ်တွင်လည်း  မြန်မာနိုင်ငံ ၌ ဖြစ်ပေါ်နေသည့် အခြေအနေများ ကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအ တွက် အာဆီယံက ကူညီဆောင်ရွက် ပေးသွားမည်ဆိုသော ဆွေးနွေးမှုအ ပြင် အာဆီယံအစည်းအဝေးများ တွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေ အနေများကိုလည်း ဆွေးနွေးခဲ့ကြ သဖြင့် နောင်ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် အာ ဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးများသို့ မြန်မာနိုင်ငံအနေဖြင့် မည်ကဲ့သို့ ကိုယ်စားပြုမှုမျိုးဖြင့် တက် ရောက်လာမည်ကို နိုင်ငံရေးအကဲ ခတ်များ ဆက်လက်စောင့်ကြည့်လျက် ရှိကြသည်။       

Most Read

Most Recent