စပိန်လာလီဂါပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 May 2024

ဆီဗီလာ - ကာဒစ်ဇ် (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)

ဆီဗီလာသာ ပုံမှန်အတိုင်း အိမ်ကွင်းအားနဲ့ ကစားနိုင်ခဲ့ ရင် ကာဒစ်ဇ်ရဲ့ လက်ရှိခြေစွမ်းအရ တောင့်ခံနိုင်ဖို့မလွယ်တာ အမှန်ပါပဲ။ ကာဒစ်ဇ် အတတ်နိုင်ဆုံးရုန်းနေပေမဲ့ အဝေးကွင်းဆို အားနည်းတတ်တယ်။ ဆီဗီလာနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။

ဗယ်လက်ကာနို - ဂရန်နာဒါ (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)

တန်းဆင်းရဖို့ သေချာသလောက်ဖြစ်နေတဲ့ ဂရန်နာဒါရဲ့ အဝေးကွင်းရုန်းကန်နိုင်စွမ်းက ထိရောက်မှုမရှိဘူးဖြစ်နေတယ်။ ဗယ်လက်ကာနိုကလည်း စိတ်ချရတဲ့နေရာရဖို့ အမှတ်လိုနေသေး တယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဗယ်လက်ကာနိုပဲ ရွေးမယ်။

ဆယ်လ်တာဗီဂို - ဘီလ်ဘာအို (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ဆယ်လ်တာဗီဂို အိမ်ကွင်းမှာတော့ ဖွင့်ကစားပြီး အမှတ် ရှာနေသလို အိမ်ကွင်းဂိုးသွင်းနှုန်းကပါ သိသိသာသာလိုက်တက် နေတာ တွေ့ရတယ်။ ဘီလ်ဘာအိုက အဝေးကွင်း ခြေပုံမှန်မရှိ တတ်ဘူး။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲ ကြိုက်တယ်။

ဂီတာဖေး - အက်သလက်တီကို (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ဒီရာသီ အက်သလက်တီကိုရဲ့ အဝေးကွင်းကစားအား က စိတ်မချရဘူး။ အတက်အကျ များတယ်။ ဒါပေမဲ့ ဂီတာဖေး ခုတလော အိမ်ကွင်းကစားပုံ နဲနဲလျော့သလိုဖြစ်နေတာကို ထည့် စဉ်းစားရမယ်ထင်တယ်။ တီကိုနဲ့ ဂိုးအနည်းပဲ ကောင်းမယ်။

Most Read

Most Recent