အမ်ပိုလီကစားသမား ဇာကောစကီး မှတ်တမ်းသစ်ပိုင်ဆိုင်

အမ်ပိုလီကစားသမား ဇာကောစကီး မှတ်တမ်းသစ်ပိုင်ဆိုင်
Photo : Getty Images
Photo : Getty Images
Published 22 January 2024

အမ်ပိုလီအသင်း၏ ကွင်းလယ်ကစားသမား ဇာကောစကီးသည် မွန်ဇာအသင်းနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့်အတွက် စီးရီးအေပြိုင်ပွဲ၏သမိုင်း၌ မှတ်တမ်းသစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

ဇာကောစကီး(၂၆ နှစ်)သည် စီးရီးအေတွင် ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံးပိုလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ဇာကောစကီးသည် စပီဇီယာအသင်းမှ အမ်ပိုလီအသင်းထံ အငှားစာချုပ်ဖြင့် လာရောက်ကစားနေခြင်းဖြစ်ပြီး ၎င်းသည် စီးရီးအေပြိုင်ပွဲ၌ ပွဲပေါင်း(၆၀)ကျော် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ယခုမှ ဟက်ထရစ်သွင်းယူနိုင်ခြင်းဖြစ်သည်။

၎င်းသည် ၂၀၀၇ ခုနှစ်က ကာဂလီယာရီနှင့်ပွဲတွင် (၄)ဂိုးသွင်းယူခဲ့သော အီတလီတိုက်စစ်မှူး နီကိုလာ ပေါ့ဇီနောက်ပိုင်း အမ်ပိုလီအသင်းအတွက် စီးရီးအေတွင် ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဇာကောစကီးသည် ပြီးခဲ့သည့် ဒီဇင်ဘာလအထိ စပီဇီယာအသင်းနှင့်အတူ စီးရီးဘီတွင် ကစားခဲ့ရသူဖြစ်ပြီး ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် အမ်ပိုလီအသင်းသို့ ရောက်ရှိကာ ဒုတိယမြောက်ပွဲတွင် ဟက်ထရစ်သွင်းခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent