ဆော်ဒီကလပ်များမှ တစ်ပတ်ပေါင်(၁)သန်းပေး၍ ခေါ်ယူရန်ကြိုးပမ်းနေသည့် ကွင်းလယ်ကစားသမား ဒီဘရိုင်းနားကို သက်တမ်းတိုးရန် မန်စီးတီးအသင်း စီစဉ်

ဆော်ဒီကလပ်များမှ တစ်ပတ်ပေါင်(၁)သန်းပေး၍ ခေါ်ယူရန်ကြိုးပမ်းနေသည့် ကွင်းလယ်ကစားသမား ဒီဘရိုင်းနားကို သက်တမ်းတိုးရန် မန်စီးတီးအသင်း စီစဉ်
Photo : Getty Images
Photo : Getty Images
Published 22 January 2024

မန်စီးတီးအသင်းသည် ဆော်ဒီကလပ်များမှ တစ်ပတ်ပေါင်(၁)သန်း ပေး၍ ခေါ်ယူရန် ကြိုးပမ်းနေသည့် ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

ဒီဘရိုင်းနား(၃၂ နှစ်)သည် မန်စီးတီးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လစာအဖြစ် တစ်ပတ်ပေါင်(၃၇၅၀၀၀)ရရှိနေသည်။ ယင်းအခြေအနေတွင် ဆော်ဒီပရိုလိဂ်မှ ကလပ်အသင်းများဖြစ်သည့် အယ်လ်ဟီလာ၊ အယ်လ်နာဆာ၊ အယ်လ်အာလီ၊ အယ်လ်အစ်တီဟတ်တို့နှင့်အတူ လာမည့်ရာသီတွင် ဆော်ဒီပရိုလိဂ်သို့ တန်းတက်ခွင့်ရရှိရန် အလားအလာကောင်းနေသည့် အယ်လ်ကာဒက်စီယာအသင်းက တစ်ပတ် ပေါင်(၁)သန်းပေး၍ ခေါ်ယူရန် ကြိုး ပမ်းနေခြင်းဖြစ်သည်။

ထို့ကြောင့် မန်စီးတီးအသင်းက ဒီဘရိုင်းနားကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် (၃၂)နှစ်ရှိနေပြီဖြစ်သည့် ဒီဘရိုင်းနားကို လစာတိုးမြှင့်ပေးမည့် အစီအစဉ်မရှိသော်လည်း အနာဂတ်အတွက် ပိုမိုအာမခံချက်ရှိစေရန်အတွက် တစ်နှစ်သက်တမ်းတိုးရန် စီစဉ်ခြင်းဖြစ်သည်။ ဒီဘရိုင်းနားသည် မန်စီးတီးအသင်းသို့ ၂၀၀၅ နွေရာသီကတည်းက ရောက်ရှိခဲ့သူဖြစ်သည်။

Most Read

Most Recent