လီဗာပူးလ်နှင့် အာဆင်နယ်၏ အထက်တွင် စပါးအသင်း ရပ်တည်နိုင်ဖွယ်ရှိသည်ဟု ဂယ်ရီနဗီးလ် သုံးသပ်

လီဗာပူးလ်နှင့် အာဆင်နယ်၏ အထက်တွင် စပါးအသင်း ရပ်တည်နိုင်ဖွယ်ရှိသည်ဟု ဂယ်ရီနဗီးလ် သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 17 January 2024

 

နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂယ်ရီနဗီးလ်က စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လီဗာပူးလ်နှင့် အာဆင်နယ်တို့၏အထက်တွင် ရပ်တည်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။ 

စပါးအသင်းသည် လက်ရှိအချိန်၌ လီဗာပူးလ်ထက် တစ်ပွဲပိုကစားပြီး (၅)မှတ်လျော့နေသလို၊ အာဆင်နယ်ထက် တစ်ပွဲပိုကစားပြီး အမှတ်တူ ဖြစ်နေသည်။ 

သို့သော် ဂယ်ရီနဗီးလ်က စပါးအသင်းသည် ကစားသမားများ စုံလင်စွာ ကစားနိုင်ခဲ့ပါက ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိနေပြီး အဆင့်(၂) သို့မဟုတ် (၃)နေရာတွင် ရပ်တည်နိုင်စွမ်းရှိသည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent