တပ်မတော်သည် မည်သည့်အစိုးရ၊ မည်သည့် နိုင်ငံရေးစနစ်နှင့်သွားသည်ဖြစ် စေ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြော ကြား

တပ်မတော်သည် မည်သည့်အစိုးရ၊ မည်သည့် နိုင်ငံရေးစနစ်နှင့်သွားသည်ဖြစ် စေ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြော ကြား
ဒီဇင်ဘာ ၂၂ ရက်က ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် သင်တန်းဆင်းဗိုလ်လောင်းများအား လိုက်လံစစ်ဆေးနေသည့်  နစကဥက္ကဋ္ဌအား တွေ့ရစဉ်
ဒီဇင်ဘာ ၂၂ ရက်က ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် သင်တန်းဆင်းဗိုလ်လောင်းများအား လိုက်လံစစ်ဆေးနေသည့်  နစကဥက္ကဋ္ဌအား တွေ့ရစဉ်
Published 23 December 2023

တပ်မတော်သည် မည်သည့်အစိုးရ၊ မည်သည့် နိုင်ငံရေးစနစ်နှင့်သွားသည်ဖြစ် စေအမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ပြည် သူလူထုအသက်အိုးအိမ်စည်းစိမ် ကာ ကွယ် စောင့်ရှောက်ရေးကို ဆောင်ရွက်ရမည် ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြား သည်။

ဒီဇင်ဘာ ၂၂ ရက် ရန်ကုန်မြို့ရှိ တပ်မ တော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော် ဘီ) စစ်ရေးပြကွင်း၌ ကျင်းပသည့် ဘွဲ့ရအမျိုး သမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနား သို့တက်ရောက်မိန့်ခွန်းပြောကြားရာတွင် နစကဥက္ကဋ္ဌက ထိုသို့ပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက တပ်မတော်သည် ပြည် သူကပေါက်ဖွားလာသည့် ပြည်သူ့တပ်မ တော် ဖြစ်သောကြောင့် မည်သည့်အခက်အခဲ၊ အတားအဆီးမျိုးကိုမဆို ပြည်သူနှင့်လက် တွဲပြီး တွန်းလှန်ကျော်ဖြတ်ရမည်ဖြစ်သကဲ့သို့ ပြည်သူကအားကိုးရသည့် တပ်မတော်ဖြစ် အောင်လည်း အမြဲကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် သမိုင်းကြောင်းလိုအပ်ချက်အရ ယနေ့အချိန် အထိ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦး ဆောင်မှုအခန်းကဏ္ဍတွင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုး သားနိုင်ငံရေးဟူသည်မှာ တစ်မျိုးသားလုံး နှင့်ဆိုင်သည့် အေးချမ်းသာယာခြင်း၊ စည်ပင် ဝပြောခြင်း၊ တရားမျှတ လွတ်လပ်ခြင်းနှင့် ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ခြင်းစသည့် လောကီကောင်းကျိုး၊ သုခအဖြာ ဖြာကို ဖော်ဆောင်ပေးသည့် လုပ်ငန်းများ ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင်တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးနှင့်အမျိုးသားနိုင်ငံရေးတာ ဝန်ထမ်းဆောင်ရန်တာဝန်ရှိသည်ဖြစ်သည့်အတွက် မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံရေး စနစ်နှင့် သွားသည်ဖြစ်စေ အမျိုးသားရေး မူ ၀ါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့် ရှောက်ရေးတို့ကို အလေးအနက်ထား ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။ 

တပ်မတော်သားအားလုံးသည် မည်သူ တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက် မပါဘဲ မိမိတို့တစ်ဦးတစ်ယောက်ချင်း၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန် တပ်မတော် ကို ဝင်ရောက် အမှုထမ်းခဲ့သူများဖြစ်ကြောင်း၊ မိမိတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့်ဝင် ရောက်လာခဲ့ကြသည့်သူများဖြစ်ပြီး တပ်မ တော်မှလည်း အမျိုးသမီးစစ်မှုထမ်းကောင်း များဖြစ်စေရန် အဘက်ဘက်က လေ့ကျင့်ပေး လိုက်ပြီးဖြစ်သဖြင့် တာဝန်ထမ်းဆောင်ချိန် အခက်အခဲ များနှင့်ကြုံတွေ့ရသည့်အခါ စစ် သားစိတ်အပြည့်ဖြင့် နေထိုင်ကျင့်ကြံရန် လို အပ်မည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြော ကြားသည်။

ထို့အတူ မိမိတို့၏ရည်မှန်းချက်၊ မျှော် မှန်းချက်များ မထိခိုက်အောင်နေထိုင် ဆောင် ရွက်သွားရန်နှင့် အမျိုးသမီးစစ်မှုထမ်းကောင်း များဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ရန် အသိပေးမှာကြားလိုကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးနှင့်နိုင်ငံသူ၊ နိုင်ငံသားတို့၏ အ သက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ် စောင့်ရှောက်ရန်ပင်ဖြစ်ကြောင်း၊ ကာကွယ် ရေးကဏ္ဍမြှင့် တင်ရန်အတွက် တပ်မတော်ကို သမားရိုးကျစစ်ပွဲဆင်နွှဲနိုင်ပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် ခေတ်မီမျိုးချစ်တပ် မတော်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်း တည်ဆောက်လျက်ရှိကြောင်း၊ တပ် မတော် တိုင်းတွင် စွမ်းရည်ထက်မြက်ရန်အတွက် လေ့ကျင့်ရေးသည် မရှိမဖြစ်လိုအပ်ပြီး စွမ်း ရည်စွမ်းအားရှိသည့်၊ အရည်အချင်းရှိသည့် တပ်မတော်ကို လေ့ကျင့်ရေးဖြင့် တည် ဆောက်ရမည်ဖြစ်ကြောင်း၊ ထိုသို့တည် ဆောက်သည့်နေရာတွင် တပ်မတော်သား အားလုံး၏ ကျန်းမာကြံ့ခိုင်မှု၊ စစ်နည်းဗျူ ဟာကျွမ်းကျင်မှုနှင့်ပညာရည်မြင့်မားစေရေး စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိ ကြောင်း၊ စစ်နည်းဗျူဟာအတတ်ပညာနှင့်စစ်လက်နက်ပစ္စည်းများသည် နေ့စဉ်နှင့်အမျှ တီထွင်ပြောင်းလဲ တိုးတက်နေသည့်အလျောက် လေ့ကျင့်ရေးပိုင်းကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် အရည်အသွေးမြှင့် တင်သွားရမည်ဖြစ်ကြောင်း၊ နည်းပညာ ဖွံ့ဖြိုး မှုနှင့်အတူ ပေါ်ပေါက်လာသည့် စစ်လက် နက်၊ စစ်အသုံးအဆောင်ပစ္စည်းများကို ကျွမ်း ကျင်စွာကိုင်တွယ်အသုံးချနိုင်ရန်အတွက် လေ့ကျင့်နေရမည်ဖြစ်သကဲ့သို့ လက်တွေ့စစ် မြေပြင်တွင် ရန်သူကိုရင်ဆိုင်တိုက်ပွဲဝင်နိုင် ရန် ကျန်းမာကြံ့ခိုင်မှုရှိနေစေရန်လည်း အမြဲ လေ့ကျင့်နေရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ကပြောကြားသည်။ 

အဆိုပါ အခမ်းအနားသို့တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ် ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မ တော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော် ဘီ) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။