ယခုရာသီ စီးရီးအေတွင် ကစားသမားလစာပေးချေမှုအများဆုံးအဖြစ် ဂျူဗင်တပ်စ် ထိပ်ဆုံးတွင် ရပ်တည်နေပြီး လက်ချီ အနည်းဆုံးဖြစ်

ယခုရာသီ စီးရီးအေတွင် ကစားသမားလစာပေးချေမှုအများဆုံးအဖြစ် ဂျူဗင်တပ်စ် ထိပ်ဆုံးတွင် ရပ်တည်နေပြီး လက်ချီ အနည်းဆုံးဖြစ်
Photo: AP
Photo: AP
Published 23 November 2023

ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ကစားသမားများကို လစာပေးချေမှုအများဆုံးအသင်းအဖြစ် ဂျူဗင်တပ်စ်အသင်းက ထိပ်ဆုံးတွင်ရပ်တည်နေပြီး အနည်းဆုံးအသင်းအဖြစ် လက်ချီအသင်းက ရပ်တည်နေကြောင်း အီတလီအားကစားသတင်း ဝက်ဘ်ဆိုက် tuttomercatoweb.com က ဖော်ပြခဲ့သည်။

 tuttomercatoweb.com သည် ယခုရာသီ စီးရီးအေပြိုင်ပွဲဝင်အသင်း (၂၀) ၏ ကစားသမားလစာပေးချေမှုကို အသေးစိတ်လေ့လာခဲ့ပြီး ဇယားထိပ်ပိုင်းမှ အသင်းများနှင့် ဇယားအောက်ပိုင်းမှ အသင်းများ၏ ကစားသမားလစာပေးချေမှုများမှာ အလွန်ကွာခြားနေကြောင်း ဖော်ပြခဲ့သည်။

ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ကစားသမားများကို လစာပေးချေမှုအများဆုံးအသင်းအဖြစ် ဂျူဗင်တပ်စ်အသင်းက ထိပ်ဆုံးတွင်ရပ်တည်နေပြီး ဂျူဗင်တပ်စ်အသင်း၏ ယခုရာသီ ကစားသမားလစာပေးချေမှုမှာ ယူရို (၇၄.၁) သန်းရှိကြောင်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းတွင် လစာအများဆုံးရရှိနေသူမှာ လက်ရှိတွင် တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲကစားခွင့်ပိတ်ပင်ခံထားရသည့် ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာဖြစ်ပြီး ၎င်းသည် တစ်နှစ်လစာ ယူရို (၈)သန်းရရှိနေကြောင်း သိရသည်။

ဂျူဗင်တပ်စ်နောက် ဒုတိယကစားသမားလစာပေးချေမှုအများဆုံးအသင်းအဖြစ် အင်တာမီလန်အသင်းက တစ်နှစ်လစာ ယူရို (၇၁.၇) သန်းဖြင့် ရပ်တည်နေပြီး ထိပ်ဆုံးမှ ဂျူဗင်တပ်စ်အသင်းနှင့် ယူရို (၂.၄)သန်း သာကွာဟသည်။

တတိယနေရာတွင် မော်ရင်ဟို၏ ရိုးမားအသင်းက တစ်နှစ်လစာပေးချေမှု ယူရို (၆၈.၆)သန်း ဖြင့် ရပ်တည်နေပြီး စတုတ္ထနေရာတွင် အေစီမီလန်က တစ်နှစ်လစာပေးချေမှု ယူရို (၆၀.၂)သန်းဖြင့် ရပ်တည်နေသည်။

စီးရီးအေလက်ရှိချန်ပီယံ နာပိုလီအသင်းမှာမူ ယခုရာသီ ကစားသမားလစာပေးချေမှုမှာ ယူရို (၄၄.၄)သန်းသာရှိပြီး အဆင့် (၆) နေရာတွင် အဆင့် (၅)နေရာမှ လာဇီယိုအသင်း (ယူရို ၄၄.၇)သန်းထက်ပင် ယူရို (၃)သိန်း လျော့နည်းနေသည်။

ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ကစားသမားလစာပေးချေမှု အနည်းဆုံးအသင်းအဖြစ် လက်ချီအသင်းက ယူရို (၉.၈)သန်းဖြင့် ရပ်တည်နေပြီး ဒုတိယ ကစားသမားလစာပေးချေမှု အနည်းဆုံးအသင်းအဖြစ် တန်းတက် ဖရိုဆီနိုနီအသင်းက ရပ်တည်နေကာ ၎င်းတို့၏ ကစားသမားလစာပေးချေမှုမှာ ယူရို (၁၁.၅)သန်းသာရှိသည်။

ယခုရာသီ စီးရီးအေပြိုင်ပွဲဝင် 

အသင်း (၂၀)၏ လစာပေးချေမှု

   အသင်း    တစ်နှစ်လစာပေးချေမှု

ဂျူဗင်တပ်စ်    ယူရို (၇၄.၁) သန်း

အင်တာမီလန်    ယူရို (၇၁.၇) သန်း

ရိုးမား    ယူရို (၆၈.၆) သန်း    

အေစီမီလန်    ယူရို (၆၀.၂) သန်း

လာဇီယို    ယူရို (၄၄.၇) သန်း

နာပိုလီ    ယူရို (၄၄.၄) သန်း    

ဖီအိုရင်တီးနား    ယူရို (၃၇.၅) သန်း

အတ္တလန်တာ    ယူရို (၂၉.၃) သန်း

တိုရီနို    ယူရို (၂၄.၇) သန်း

ဂျီနိုအာ    ယူရို (၂၁.၉) သန်း

ဆာဆူအိုလို    ယူရို (၂၀.၉) သန်း

အူဒီးနီးစ်    ယူရို (၁၉.၆) သန်း

ဘိုလော့ဂ်နာ    ယူရို (၁၉.၃) သန်း

ကာဂလီယာရီ    ယူရို (၁၉.၂) သန်း

ဆလာနီတာနာ    ယူရို (၁၈.၄) သန်း

မွန်ဇာ    ယူရို (၁၈.၁) သန်း

အမ်ပိုလီ    ယူရို (၁၆.၈) သန်း

ဗီရိုနာ    ယူရို (၁၅.၄) သန်း

ဖရိုဆီနိုနီ    ယူရို (၁၁.၅) သန်း

လက်ချီ    ယူရို (၉.၈) သန်း

Most Read

Most Recent