အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲ ခေါ်ဆောင်ပြီး ငွေကျပ် သိန်း ၁၇၀ ခြိမ်းခြောက် တောင်းယူခဲ့သည့် အဖွဲ့အား ဖမ်းဆီးရမိ

အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲ ခေါ်ဆောင်ပြီး ငွေကျပ် သိန်း ၁၇၀ ခြိမ်းခြောက် တောင်းယူခဲ့သည့် အဖွဲ့အား ဖမ်းဆီးရမိ
Published 21 November 2016
သန့်ဇင်ကျော်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲ ခေါ်ဆောင်ပြီး ငွေကျပ် သိန်း ၁၇၀ ခြိမ်းခြောက် တောင်းယူခဲ့သည့် အဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
 
နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီခွဲခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာဂုဏ်ရည်လမ်းတွင် နေထိုင်သော ကို......ထံသို့ အသက် ၂၀ ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ကို..... အား Crown အမျိုးအစား ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။
 
ထိုသို့ခေါ်ဆောင်သွားပြီး ကို...... အား ငွေကျပ် သိန်း ၁၇၀ ဖြင့် သာကေတမြို့နယ်၊ သန်လျင်တံတား ချဉ်းကပ်လမ်း ၁၀၈ တောင် ဘုရားအနီးတွင် လာရွေးရန် ကို...... ၏ မိခင်ထံသို့ ၎င်းတို့က ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သိရသည်။
 
ထို့နောက် ကို..... ၏ မိခင်က သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ပြီး နိုဝင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်တွင် ၎င်းတို့အဖွဲ့ ငွေကျပ် သိန်း ၁၇၀ လာပေးရန် ချိန်းဆိုခဲ့သည့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ သွားရောက်ပေးစဉ် အဆိုပါ ပြန်ပေးဆွဲသည့် အဖွဲ့ဖြစ်သော မင်္ဂလာတောင်ညွန့်မြို့နယ်နေ ရဲမင်းထက် (ခ) ရှဖီး (၂၀ နှစ်)၊ သာကေတမြို့နယ်နေ ဦးတင်ဦး (၆၉ နှစ်)၊ ဦးဇော်သိန်း (၄၂ နှစ်)၊ ကျော်လှိုင်ဌေး (၂၅ နှစ်) နှင့် ဒဂုံတောင်မြို့နယ်နေ ဦးအောင်ဇော်မင်း (၄၂ နှစ်) တို့အား ယင်းပတ်ဝန်းကျင်အနီးတွင် တာဝန်ရှိသူများက ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။         

Most Read

Most Recent