ဆန်ဈေးကွက်အတွင်း ဆန်သစ်များ ထွက်ပေါ်လျက် ရှိသော်လည်း ဆန်သစ်ဈေးနှုန်းများ အနေဖြင့် ဆန်ချောနှင့် ဆန်ကြမ်း တစ်အိတ် ကျပ် ၂၅၀၀ မှတင်၍ ဈေးနှုန်း မြင့်တက်လျက် ရှိနေကြောင်း ပြည်တွင်းလက်လီ ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ဆန်ချောဈေးနှုန်းများ အနေဖြင့် ရွှေဘို ပေါ်ဆန်း တစ်အိတ် ယခင် ကျပ် ၄၃၅၀၀ မှ ယခုအခါ ကျပ် ၄၅၅၀၀ သို့ လည်းကောင်း၊ ဖျာပုံ ပေါ်ဆန်း ရှယ်တစ်အိတ်လျှင် ယခင် ကျပ် ၃၆၀၀၀ မှ ယခုအခါတွင် ကျပ် ၃၈၅၀၀ သို့ လည်းကောင်း၊ ဖျာပုံပေါ်ဆန်းသစ် ဒုတိယတန်းစား တစ်အိတ်လျှင် ကျပ် ၃၃၅၀၀ မှ ယခုအခါ ကျပ် ၃၆၀၀၀ သို့ လည်းကောင်း၊ တောင်ပျံဆန်သစ် တစ်အိတ်လျှင် ကျပ် ၃၆၀၀၀ မှ ကျပ် ၃၈၅၀၀ သို့ လည်းကောင်း ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၃၀၀၀ ကြား ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။ဆန်သစ်တစ်ပြည် ဈေးနှုန်း အနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ယခင် ကျပ် ၁၈၀၀ မှ ကျပ် ၁၉၀၀ သို့ လည်းကောင်း၊ တောင်ပျံဆန် တစ်ပြည်လျှင် ယခင် ကျပ် ၁၅၀၀ မှ ကျပ် ၁၆၀၀ သို့ လည်းကောင်း၊ ဖျာပုံဆန်သစ် ရှယ်တစ်ပြည်လျှင် ယခင် ကျပ် ၁၅၀၀ မှ ယခုအခါ ကျပ် ၁၆၀၀ သို့ လည်းကောင်း ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။ဆန်ကြမ်း ဆန်သစ် ဈေးနှုန်းများ အနေဖြင့် ဧည့်မထဆန် တစ်အိတ်လျှင် ယခင် ကျပ် ၂၅၂၀၀ မှ ယခုအခါ ကျပ် ၂၆၄၀၀ သို့လည်းကောင်း၊ တစ်ပြည်ဈေးနှုန်းများ အနေဖြင့် ဧည့်မထဆန် တစ်ပြည်လျှင် ယခင် ကျပ် ၁၀၅၀ မှ ယခုအခါ ကျပ် ၁၁၀၀ သို့လည်းကောင်း ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။“ဆန်ဈေးတွေ အနေနဲ့ ဆန်အမျိုးအစားအလိုက် အနည်းဆုံး တစ်ပြည်ကို ကျပ် ၁၀၀ စီတက်တယ်။ အရင်တက်ဈေးထက် ပိုတက်သွားတာပေါ့။ အိတ်လိုက်ဈေးနဲ့ တွက်မယ်ဆိုရင် ပျမ်းမျှအနေနဲ့ကျပ်၂၀၀၀ ကနေ ၃၀၀၀ လောက်အထိ ဈေးတက်တယ်။ ဒီနှစ် စပါးဈေးတွေက အရမ်းကောင်းတယ်လေ။ အဲဒါကြောင့် ဆန်သစ်တွေ ဈေးတက်တာ။ ဈေးက ထပ်တက်ဖို့လည်း ရှိတယ်” ဟု တာမွေမြို့နယ်ရှိ ဆန်လက်လီ အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ယခု စပါးဈေးနှုန်းများ အနေဖြင့် စပါးတင်း တစ်ရာလျှင် ကျပ် ခုနစ်သိန်း နီးပါးခန့်အထိ ပေါက်ဈေးရှိနေကြောင်း ယခုနှစ်ပိုင်းများ အတွင်း စပါးဈေးများ အနေဖြင့် စံချိန်တင် မြင့်တက်ခြင်းဖြစ်ကြောင်း စပါးကုန်သည်များထံမှ စုံစမ်းသိရသည်။
ဈေးကွက်အတွင်းရှိ ဆန်ချောနှင့် ဆန်ကြမ်း အသစ် တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၃၀၀၀ ခန့် ဈေးနှုန်းမြင့်တက်










