ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းလျက် ရှိပြီး တစ်ဒေါ်လာလျှင် ၁၂၂၅ ကျပ်ဝန်းကျင်ရှိ

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းလျက် ရှိပြီး တစ်ဒေါ်လာလျှင် ၁၂၂၅ ကျပ်ဝန်းကျင်ရှိ
Published 2 March 2016
အောင်မြတ်ကို

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းလျက်ရှိပြီး တစ်ဒေါ်လာလျှင် ၁၂၂၅ ကျပ်ဝန်းကျင် ရှိနေကြောင်း ပြင်ပဈေးကွက်မှ စုံစမ်းသိရသည်။မတ်လ ပထမပတ် ၁ ရက် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ နောက်ဆုံးရက်ဈေးကွက် ပေါက်ဈေး (ကျပ် ၁၂၄၀) အောက် ၁၃ ကျပ်ဝန်းကျင် ကျဆင်းခဲ့သည့်အတွက် တစ်ဒေါ်လာလဲနှုန်း ၁၂၂၇ ကျပ် ဝန်းကျင် ရှိခဲ့ပြီး မတ် ၂ ရက်တွင် တစ်ဒေါ်လာလဲနှုန်း နှစ်ကျပ်ဝန်းကျင် ဆက်လက် ကျဆင်းခဲ့သည့်အတွက် တစ်ဒေါ်လာ လဲနှုန်း ၁၂၂၅ ကျပ် ဝန်းကျင်သို့ ကျဆင်းခဲ့သည်။ပြင်ပ ဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်တိုက် ကျဆင်းလျက် ရှိသော်လည်း ဗဟိုဘဏ်၏ ရည်ညွှန်းသတ်မှတ် ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ နောက်ဆုံးပတ် ၂၅ ရက်မှ စ၍ တစ်ဒေါ်လာလျှင် ၁၂၃၇ ကျပ် သတ်မှတ်ခဲ့ပြီး မတ် ၁ ရက်အထိ အပြောင်းအလဲ မရှိဘဲ တစ်ဒေါ်လာလျှင် ၁၂၃၇ ကျပ်တွင် တည်ငြိမ်နေသည်။မတ် ၂ ရက်သည် အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့်အတွက် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း ထုတ်ပြန် သတ်မှတ်ခြင်း မရှိဘဲ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၂၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၂၃ ကျပ်ဝန်းကျင် ရှိနေကြောင်း ပြင်ပဈေးကွက်မှ သိရသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ပထမရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၉၉ ကျပ် ဝန်းကျင်မှ ဇန်နဝါရီ ၂၉ ရက်တွင် တစ်ဒေါ်လာ လျှင် ၁၂၉၄ ကျပ်ဝန်းကျင်သို့ ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီလ အတွင်းတွင် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် အတက်အကျ များခဲ့ပြီး တစ်လအတွင်း ၅၁ ကျပ်ဝန်းကျင် ကျဆင်းခဲ့သည့်အတွက် ဖေဖော်ဝါရီနောက်ဆုံးရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။

Most Read

Most Recent