လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၂၃ ဘီလျံကျော် ရရှိထားရာ ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ကိုးဘီလျံကျော်သာ ရှိပြီး သွင်းကုန်မှ ဒေါ်လာ ၁၄ ဘီလျံကျော်အထိ ရှိနေ

လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၂၃ ဘီလျံကျော် ရရှိထားရာ ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ကိုးဘီလျံကျော်သာ ရှိပြီး သွင်းကုန်မှ ဒေါ်လာ ၁၄ ဘီလျံကျော်အထိ ရှိနေ
Published 28 February 2016
နီလာ

လက်ရှိ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ဒုတိယပတ် အထိ မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုတွင် ဒေါ်လာ ၂၃ ဘီလျံကျော် ရရှိထားရာ ပို့ကုန် ကဏ္ဍမှ ဒေါ်လာ ကိုးဘီလျံကျော်သာ ရှိပြီး သွင်းကုန်မှ ဒေါ်လာ ၁၄ ဘီလျံကျော်အထိ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ယခင်နှစ် အလားတူ ကာလ၏ ပြည်ပ ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၂၄ ဘီလျံကျော် (၂၄၄၅၇ သန်း) ရရှိသဖြင့် ယခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အထိ ပြည်ပ ကုန်သွယ်မှု ပမာဏသည် ယခင်နှစ် ကာလတူ ကုန်သွယ်မှုထက် ဒေါ်လာ တစ်ဘီလျံ နီးပါး ကုန်သွယ်မှု လျော့ကျနေကြောင်း သိရသည်။ထို့ပြင် ယခင်နှစ် ကာလတူထက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၄၅၀ သန်းကျော် ရရှိထားပြီး သွင်းကုန် ကဏ္ဍမှ ဒေါ်လာ ၁၃၈ သန်းကျော် လျော့နည်းခဲ့သည့်အတွက် နယ်စပ် ကုန်သွယ်မှုမှ ပို့ကုန်ရော သွင်းကုန်ပါ ပိုမိုခဲ့သော်လည်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၉၉၂ သန်းကျော် လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကဏ္ဍအလိုက် နှိုင်းယဉ်ကြည့်ပါကလည်း ပို့ကုန်ပိုင်းတွင် နိုင်ငံပိုင် အပိုင်းက ဒေါ်လာ ၁၄၃၉ သန်းနှင့် သွင်းကုန်ပိုင်းမှ ဒေါ်လာ ၁၅ သန်း လျော့နည်းခဲ့သည့်အတွက် ပုဂ္ဂလိက ကဏ္ဍမှာ ပို့ကုန်ဒေါ်လာ သန်း ၃၃၀ ကျော်နှင့် သွင်းကုန်ပိုင်းတွင် ဒေါ်လာ ၁၃၂ သန်း ပိုမိုခဲ့သော်လည်း ကုန်သွယ်မှု လျော့ကျခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံ၏ ပို့ကုန်ပိုင်းတွင် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော ပစ္စည်းနှင့် အခြားပစ္စည်းများ တင်ပို့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လူသုံးကုန် ပစ္စည်းနှင့် လူသုံးကုန်ကြမ်း ပစ္စည်းများ တင်သွင်းလေ့ရှိကြောင်း သိရသည်။    

Most Read

Most Recent