မြန်မာနိုင်ငံတွင် လျှပ်စစ်လိုအပ်ချက် အမှန်တကယ်ပင် ရှိနေသော်လည်း အဆိုပါ လိုအပ်ချက်အတွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန်အတွက်ကိုမူ ကမ္ဘာ့ဘဏ်အနေဖြင့် မည်သည့်ထောက်ပံ့မှုမျိုးကိုမျှ ပြုလုပ်သွားမည်မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်မှ သိရသည်။မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ရရှိရေးက အရေးကြီးပါတယ်။ အဲဒီအတွက် Master Plan လည်း ဆွဲထားပြီးဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍမှာ ကျောက်မီးသွေးကဏ္ဍ လိုအပ်သလားဆိုရင် ကမ္ဘာ့ဘဏ်အနေနဲ့ကတော့ ကျောက်မီးသွေးအတွက် ဘဏ္ဍာရေးပံ့ပိုးဖို့ လုံးဝမရှိပါဘူး"ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေဆက်က ပြောကြားသည်။ထို့ပြင် ကမ္ဘာ့ဘဏ်၏ စွမ်းအင်ပညာရှင် ဦးမျိုးမြင့်ကလည်း "ကျွန်တော်တို့နိုင်ငံမှာ ရေအားလျှပ်စစ်တို့၊ သဘာဝဓာတ်ငွေ့တို့ အများကြီးရှိနေပါသေးတယ်။ ဆိုတော့ ဒါတွေကို ပထမ ဦးစားပေးအနေနဲ့ ရှိတဲ့ဟာကို အရင်သုံးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်မီးသွေးက မြန်မာပြည်မှာ သိပ်အများကြီး မထွက်သေးပါဘူး။ ထွက်တဲ့ ကျောက်မီးသွေးကလည်း ကွာလတီသိပ်မကောင်းဘူး။ ကျွန်တော် သိသလောက် ကျောက်မီးသွေးနဲ့ထုတ်မယ့် ဓာတ်အားပေးစက်ရုံတွေက နိုင်ငံခြားကနေ ကျောက်မီးသွေးကို တင်သွင်းရမှာ။ အဲဒီလို တင်သွင်းပြီးတော့မှ ဓာတ်အားပေးစက်ရုံ ဆောက်မယ်ဆိုတဲ့ ပရောဂျက်တွေ များတယ်ပေါ့နော်။ အဲဒီတော့ နိုင်ငံခြားက သွင်းမယ့်အစား ကိုယ့်နိုင်ငံမှာရှိနေတဲ့ အရင်းအမြစ်ကိုပဲ သုံးသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်"ဟု ပြောကြားသည်။ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ဆောင်ရွက်နေသည့် ပရောဂျက်နှစ်ခုရှိကြောင်း၊ Electrical Power Project ကို မွန်ပြည်နယ်၊ သထုံမြို့ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံအဟောင်းကို အသစ်ဖြင့် အစားထိုးမည်ဖြစ်ကြောင်း၊ ၁၁၅ မဂ္ဂါဝပ်ရှိသည့် CCGT ဟုခေါ်သည့် Combined Cycle Gas Turbine ဖြင့် အစားထိုးမည်ဖြစ်ကြောင်း၊ အဆိုပါ ပရောဂျက်အတွက် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးထားကြောင်း သိရသည်။ဒုတိယပရောဂျက်အနေဖြင့် National Electrification Project ဟုခေါ်သည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အတွက်လည်း ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၄၀၀ ကို အတိုးမဲ့ချေးငွေအဖြစ် မြန်မာနိုင်ငံသို့ ပေးထားကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်လိုအပ်ချက် အမှန်တကယ် ရှိနေသော်လည်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန်အတွက်ကိုမူ ကမ္ဘာ့ဘဏ်အနေဖြင့်မည်သည့် ထောက်ပံ့မှုမျိုးကိုမျှ ပြုလုပ်မည်မဟုတ်ဟုဆို















