၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၁၀ ဒသမ ၉၇ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် မြင့်တက်ခဲ့

၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၁၀ ဒသမ ၉၇ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် မြင့်တက်ခဲ့
Published 19 February 2016
မင်းသီဟဇော်

၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း တစ်နှစ် ပျမ်းမျှငွေကြေးဖောင်းပွမှုှုနှုန်းမှာ ၁၀ ဒသမ ၉၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ဆက်လက်  မြင့်တက်ခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့၏  စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေး ဖောင်းပွမှုနှုန်းအခြေအနေ စိစစ်ချက်အရ သိရသည်။တစ်နိုင်ငံလုံး၏ စားသုံးသူ ဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွက် စားသုံးသူ ဈေးဆနှုန်းမှာ ၂၁၁ ဒသမ ၈၅ ရှိပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ၁၉၂ ဒသမ ၄၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ယခင်နှစ်ထက် ၁၀ ဒသမ ၀၆ ရာ ခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း တစ်နှစ် ပျမ်းမျှငွေကြေးဖောင်းပွမှုှုနှုန်းမှာ ၁၀ ဒသမ ၉၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ဆက်လက်  မြင့်တက်ခဲ့သော်လည်း မြင့်တက်မှုနှုန်း နှေးကွေးလာကြောင်းသိရသည်။၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ချင်း ပြည်နယ်သည် ၂၂ ဒသမ ၀၂ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ကယားပြည်နယ်သည် ၁၇ ဒသ မ ၆၁ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးနှင့် ရခိုင်ပြည်နယ်သည် ၁၇ ဒသမ ၀၅ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ချင်းပြည်နယ် ဟားခါးမြို့တွင် ဇန်နဝါရီလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၁ ဒသမ ၂၇ ရာ ခိုင်နှုန်းဖြင့်အမြင့်ဆုံးဖြစ်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇန်နဝါရီလအတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၇ ဒသမ ၈၅ ရာခိုင်နှုန်း၊  ရခိုင်ပြည်နယ် စစ်တွေ မြို့တွင် ဇန်နဝါရီလအတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၇ ဒသမ ၃၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ဘားအံ၊ ထားဝယ်နှင့် ပြည်မြို့များသည် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း အနိမ့်ဆုံးမြို့များ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent