ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် သတ္တုတွင်း ဥပဒေတွင် ရွှေ၊ ပလက်တီနမ်၊ ယူရေနီယမ် သတ္တုများအတွက် ဓာတ်သတ္တုခွန် ငါးရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်း သို့မဟုတ် ကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် အခွန်နှစ်ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်

ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် သတ္တုတွင်း ဥပဒေတွင် ရွှေ၊ ပလက်တီနမ်၊ ယူရေနီယမ် သတ္တုများအတွက် ဓာတ်သတ္တုခွန် ငါးရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်း သို့မဟုတ် ကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် အခွန်နှစ်ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်
Published 30 January 2016
ဇော်ဝေ

၁၉၉၄ ခုနှစ်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် သတ္တုတွင်း ဥပဒေတွင် ရွှေ၊ ပလက်တီနမ်၊ ယူရေနီယမ် သတ္တုများအတွက် ဓာတ်သတ္တုခွန် ငါးရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်း သို့မဟုတ် ကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် အခွန်နှစ်ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၂၄ ရက်တွင် အတည်ပြုပြီး ဇန်နဝါရီ  ၇ ရက် နေ့စွဲဖြင့် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည့် မြန်မာသတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ဖော်ပြမှုများအရ သိရသည်။
ဇန်နဝါရီ ၇ ရက်နေ့စွဲဖြင့် မြန်မာ့သတ္တု ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ရွှေ၊ ပလက်တီနမ်၊ ယူရေနီယမ်နှင့် ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့် သတ်မှတ်သည့် သတ္တုများတွင် အခွန် ငါးရာခိုင်နှုန်း၊ ငွေ၊ ကြေးနီ၊ ခဲမဖြူ၊ အ ဖြိုက်နက်၊ နီကယ်၊ အလေးစီးသဲ၊ မော်လစ်ဒီ နမ်၊ အီရီဒီယမ်၊ အောစ်စီယမ်၊ ပလက်တီနမ်၊ ရုသာဒီယမ်၊ ရိုဒီယမ်၊ တန်တလန်၊ ကိုလံဘီ ယမ်၊ နိုင်အိုဘီယမ်၊ သိုရီယမ်၊ ကတ်ဒ်မီယမ်၊ မြေရှားသတ္တု၊ ဗယ်ရယ်လီယမ်၊ တိုက်တေနီယံနှင့် ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ ၏ သဘောတူညီချက်ဖြင့် အခါအားလျော် စွာ အမိန့်ကြော်ငြာစာထုတ်ပြန်သည့် သတ္တု များအတွက် အခွန်လေးရာခိုင်နှုန်း၊ သံ၊ သွပ်၊ ကြေးနီ၊ ခဲ၊ ခနောက်စိမ်း၊ အလူမီနီယမ်၊ အာ ဆင်းနစ်၊ ဘစ်မက်၊ ခရိုမီယမ်၊ ကိုဘော့၊ မင်း ဂနီးစ်၊ မဂ္ဂနီဆီယမ်နှင့် ဝန်ကြီးဌာနက အခါ အားလျော်စွာ သတ်မှတ်သည့် သတ္တုများအ တွက် အခွန် သုံးရာခိုင်နှုန်း၊ စက်မှုတွင်း ထွက်ကုန်ကြမ်းပစ္စည်း သို့မဟုတ် ကျောက်အတွက် နှစ်ရာခိုင်နှုန်း သတ်မှတ်ခဲ့ကြောင်း သိရသည်။
၁၉၉၄ ခုနှစ် မြန်မာ့သတ္တုတွင်း ဥပဒေတွင် ကျောက်မျက်ရတနာများ အတွက် ငါးရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်း၊ ရွှေ၊ ငွေ၊ ပလက်တီနမ်၊ အီရီဒီယမ်၊ အော့စ်မီယမ်၊ ပလပ်ဒီယမ်၊ ရုသာဒီယမ်၊ ရိုဒီယမ်၊ တန်တလန်၊ ကိုလံဘီယမ်၊ နိုင်အိုဘီယမ်၊ ယူရေနီ ယမ်၊ သိုရီယမ်နှင့် ဝန်ကြီးဌာနက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာ ထုတ်ပြန်၍ သတ်မှတ်သည့် အဖိုးတန်သတ္တုများအတွက် လေးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ သံ၊ သွပ်၊ ကြေးနီ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ နီကယ်၊ ခနောက်စိမ်း၊ အလူမီနီယမ်၊ အာဆင်းနစ်၊ ဘစ်မက်၊ ကတ် ဒီမီယမ်၊ ခရိုမီယမ်၊ ကိုဘော့၊ မင်းဂနီးစ်နှင့် ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် သတ္တုများအတွက် အခွန် သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်း၊ စက်မှုတွင်းထွက် ကုန်ကြမ်း သို့မဟုတ် ကျောက်အတွက် တစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်း သတ်မှတ်ခဲ့ကြောင်း သိရသည်။
ပြင်ဆင်လိုက်သည့် သတ္တုဥပဒေမှာ ယခင်ဥပဒေထက် ပိုမိုကောင်းမွန်လာပြီး ပြောင်းလွယ် ပြင်လွယ် ရှိလာပြီဟု ဆိုနိုင်ကြောင်း၊ အထူးသဖြင့် ယခင်ဥပဒေတွင် မပါ ရှိခဲ့သည့် အလယ်အလတ်စား သတ္တုတူးဖော်ရေး လုပ်ငန်းများအတွက် ဖွင့်ဆိုချက်များ ပါဝင်လာသည်မှာ ကျေနပ်ဖွယ် ကောင်းကြောင်းလည်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောကြားသည်။
ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် သတ္တုတွင်း ဥပဒေမှာ ပိုမိုကောင်းမွန် လာသော်လည်း ကမ္ဘာ့အဆင့်မီ သတ္တုကုမ္ပဏီများကို ဆွဲဆောင်နိုင်မည် မဟုတ်ကြောင်း ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်သည့် Myanmar Mining Development Summit 2016 တွင် ဆွေးနွေးမှုများအရ သိရသည်။
 

Most Read

Most Recent