၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့သည် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်း၌ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ တွေ့ဆုံမှုသည် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး တွေ့ဆုံပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်နှင့် ဒေါက်တာတင်မာအောင်တို့ ပါဝင်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်မှုအရ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်း အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဆက်လက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်း အောင်မြင်စွာ ကျင်းပနိုင်ခြင်းမှာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်နှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီ အဆင့်ဆင့်အား ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ထိ ဆောင်ရွက်နိုင်ခဲ့သော်လည်း ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်တွင် အသိပညာပေးမှုအား နည်းခဲ့ပါကြောင်း၊ Voter Training ပိုင်းတွင် မဲရုံလုပ်ငန်းစဉ်များအတွက် အထောက်အကူပြု စာရွက်စာတမ်းများ၊ ဗီနိုင်းပိုစတာများနှင့် ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်ခဲ့သဖြင့် မဲပေးခြင်း လုပ်ငန်းစဉ်တွင် အဆင်ပြေ ချောမွေ့မှု ရှိခဲ့ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများတွင် ဝန်ထမ်းအင်အား လုံလောက်မှုမရှိခြင်းနှင့် ရုံးနေရာ အခက်အခဲများ ရှိခဲ့ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အကူအညီ တောင်းခံဆောင်ရွက်ခဲ့ပါကြောင်း၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှင့် စပ်လျဉ်း၍ Main Sever တွင် ရှိပြီးသော စာရင်းများအား ခြောက်လတစ်ကြိမ် Update ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခု ရွေးကောက်ပွဲ အတွေ့အကြုံ သင်ခန်းစာများအပေါ် မူတည်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေဆိုင်ရာ ပြင်ဆင်သင့်သည်များကို သုံးသပ် အကြံပြု သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ တွေ့ဆုံဆွေးနွေး















