ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းလျက်ရှိပြီး တစ်ဒေါ်လာလျှင် ၁၂၉၆ ကျပ် ဝန်းကျင်ရှိ

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းလျက်ရှိပြီး တစ်ဒေါ်လာလျှင် ၁၂၉၆ ကျပ် ဝန်းကျင်ရှိ
Published 25 January 2016

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းလျက်ရှိပြီး တစ်ဒေါ်လာလျှင် ၁၂၉၆ ကျပ် ဝန်းကျင် ရှိနေကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ ဇန်နဝါရီ ၂၅ ရက်တွင် ဖြစ်ပေါ် နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ် လာလျှင် ၁၂၉၈  ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၉၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၄ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၀၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၉၀၀ ဝန်းကျင်ရှိ ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၃၉၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၈၅ ကျပ်ဝန်းတွင် ရှိနေသည်။
ဇန်နဝါရီ ၂၅ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်ဖြင့် အမေရိကန် ဒေါ်လာတစ်သန်းကို အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၂ ကျပ် ဝန်းကျင် ရှိနေသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ် နေသည့် နိုင်ငံခြား ငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင်၁၃ ရက်က တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ သတ်မှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် သတ်မှတ်ဒေါ်လာလဲနှုန်းသည် ၁၂၉၈ ကျပ် ရှိနေသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် ဇန်နဝါရီ တတိယပတ်အတွင်း တစ်ဒေါ်လာလျှင်  ၁၂၉၉ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင်လည်း တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်ဝန်းကျင် ရှိသည်။

Most Read

Most Recent