ဆိုင်ခန်းပေါင်း ၁၉၂ ခန်း ပါဝင်သည့် မူဆယ်မြို့ မင်္ဂလာမူဆယ်ဈေး၏ ဆိုင်ခန်းအရောင်းဈေး ကျပ်သိန်း ၂၉၀၀ ကျော် ပေါက်ဈေးရှိ

ဆိုင်ခန်းပေါင်း ၁၉၂ ခန်း ပါဝင်သည့် မူဆယ်မြို့ မင်္ဂလာမူဆယ်ဈေး၏ ဆိုင်ခန်းအရောင်းဈေး ကျပ်သိန်း ၂၉၀၀ ကျော် ပေါက်ဈေးရှိ
Published 22 January 2016
ချမ်းမြေ့သူ

မူဆယ်မြို့ရှိ ဆိုင်ခန်းပေါင်း ၁၉၂ ခန်း ပါဝင်သည့် မင်္ဂလာမူဆယ်ဈေး၏ ဆိုင်ခန်း အရောင်းဈေးမှာ ကျပ်သိန်း ၂၉၀၀ ကျော် ပေါက်ဈေးရှိပြီး အရစ်ကျ ငွေပေးချေ စနစ်များဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။RC သုံးထပ် လူနေဆိုင်ခန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများ အနေဖြင့် ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ ခြောက်နှစ် အရစ်ကျ စနစ်အပြင် နယူးစတားလိုက် ကုမ္ပဏီနှင့် ချိတ်ဆက်၍ နှစ်နှစ်အရစ်ကျ  စနစ်များဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။မူဆယ်မြို့ ကမ်းနားလမ်းနှင့် ချစ်ကြည်ရေး လမ်းထောင့်ရှိ မူဆယ်ဗဟို စီးပွားရေးဇုန် စီမံကိန်းတွင်ရှိပြီး အထပ်သုံးထပ်ရှိကာ ဆိုင်ခန်းပေါင်း ၁၉၂ ခန်း ပါဝင်သည့် မင်္ဂလာမူဆယ်ဈေးရှိ ဆိုင်ခန်းများကို မူဆယ်၊ ရန်ကုန်နှင့် မန္တလေးတို့မှ ကုန်သည်များက လာရောက် ဝယ်ယူထားမှုရှိပြီး ယခုအခါ ရာခိုင်နှုန်း ၆၀ နီးပါးကို ရောင်းချပြီးဖြစ်ကြောင်း သိရသည်။“အခုကတော့ ဆိုင်ခန်းရောင်းချမှုကို အဓိက လုပ်နေတယ်။ ဆိုင်ခန်းငှားရမ်းဖို့လည်း ရှိပါတယ်။ ဒါပေမဲ့ ငှားရမ်းခဈေးက မဖွင့်ရသေးပါဘူး။ အရောင်းဈေးကတော့ ဆိုင်ခန်းတစ်ခန်းက ကျပ်သိန်း ၂၉၀၀ ကျော်က စပြီးဈေးဖွင့်ထားပါတယ်” ဟု နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီမှ Marketing Sales Executive တာဝန်ခံ ကိုအောင်သန်းက ပြောကြားသည်။မင်္ဂလာမူဆယ်ဈေးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဖွင့်ပွဲကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent