လာမည့်ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အစီအစဉ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာခြောက်ဘီလျံ မျှော်မှန်းထားပြီး ပြန်လည်ပြုပြင်ရန် လိုအပ်ပါက ပြုပြင်မည်ဖြစ်ကြောင်း MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ရာခိုင်နှုန်း အတိအကျတော့ တွက်ထားတာတော့ မရှိဘူး။ အခုလောလောဆယ်တော့ အကြမ်းဖျင်းပေါ့။ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ မျှော်မှန်းထားတယ်။ ကျွန်တော်တို့ FDI Promotion Plan အရ ဆက်သွားမှာ ဖြစ်တယ်။ အဲဒီ Plan အရ အခုနှစ် ခြောက်ဘီလျံ မျှော်မှန်းထားတာ။ အစိုးရသစ်ရဲ့ ပေါ်လစီပေါ်မှာ မူတည်ပြီးတော့ အခု Plan ကို Revised လုပ်ကောင်း လုပ်နိုင်တာပေါ့။ အဲဒါက National Plan ကို အခြေခံထားတာ ဖြစ်တဲ့အတွက် သူ့အပေါ်မှာ မူတည်ပြီးတော့ Revised လုပ်ရမှာပေါ့။ သာမန်အားဖြင့်တော့ ကျွန်တော်တို့ ဒီ Plan Revised မလုပ်ဘဲ သုံးနိုင်မှာပေါ့” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။
လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာခြောက်ဘီလျံရရှိရန် မျှော်မှန်းထားပြီး ဒီဇင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ငါးဘီလျံနီးပါးရှိပြီး ပြည်ပနိုင်ငံပေါင်း ၂၀ မှ လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ လျာထားချက်နှင့် အမှန်ခွင့် ပြုပေးခဲ့သည့် ပမာဏများကို ကြည့်မည်ဆိုပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ တစ်ဘီလျံ ဝင်ရောက်ရန် လျာထားခဲ့ပြီး အမှန်ခွင့်ပြု ပမာဏမှာ ဒေါ်လာ ၃ ဒသမ ၄၁၉ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သုံးဘီလျံ ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြု ပမာဏမှာ ဒေါ်လာ ၄ ဒသမ ၁၀၇ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာလေးဘီလျံ ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြု ပမာဏမှာ ဒေါ်လာ ၈ ဒသမ ၀၁၀ သန်းကျော် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရလည်း ယခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခြောက်ဘီလျံရရှိရန် မျှော်မှန်းထားသည်။ အဆိုပါ ဥပဒေအရ လယ်ယာကဏ္ဍတွင် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၁၈ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ယခင်နှစ်ထက် နှစ်ဆမှ ခုနစ်ဆအထိ ယင်းကဏ္ဍများတွင် တိုးတက်ရန် မျှော်မှန်းထားပြီး တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းကို ၇ ဒသမ ၈ ရာခိုင်နှုန်း ခန့်မှန်းထားသည်။
“လက်ရှိလည်း တကယ်တော့ FDI Promotion Plan မှာ စိုက်ပျိုးရေးက ဦးစားပေး ကဏ္ဍထဲမှာပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဝင်တာနည်းတာ။ ဦးစားပေး ကဏ္ဍထဲမှာပါတယ်။ အခုလည်း ပါဆဲပါပဲ။ အဓိက ဝင်ရောက်မှု နည်းတာကို မြင်တာကတော့ လယ်ယာကဏ္ဍနဲ့ ပတ်သက်ရင် FDI ဝင်တာ အခြားကဏ္ဍနဲ့ယှဉ်ရင် အကျိုးအမြတ် နည်းတာလည်းပါတယ်။ ပြန်ဝင်တာ နှေးတယ်။ Investor ဆိုတာကတော့ ရင်းနှီးမြှုပ်နှံပြီးရင် အကျိုးအမြတ် များများရတဲ့ လုပ်ငန်းမျိုးကို ဆိုလိုတာကတော့ ရင်းနှီးမြှုပ်နှံမှုကနေ Return မြန်မြန်ရတာမျိုးကို ပိုနှစ်သက်တာပေါ့။ လယ်ယာကဏ္ဍကတော့ တော်တော်များများ Return ပြန်ရတာနည်းတယ်။ ဒါက နံပါတ် (၁) အချက်ပေါ့။ နံပါတ် (၂) အချက်ကတော့ မြေက Investment နဲ့ပတ်သက်ပြီး Policy က ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ Investor တွေက ဒါနဲ့ပတ်သက်ပြီးတော့ စိုးရိမ်စိတ်ရှိတယ်။ မြေနဲ့ ပတ်သက်လို့ စိုးရိမ်စိတ် ရှိတယ်ပေါ့။ နံပါတ်(၃)က ဥပဒေနဲ့ပတ်သက်ရင် အားနည်းချက်တွေရှိတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လာရင် စိုက်ပျိုးရေးကဏ္ဍက ကန့်သတ်ချက်တွေရှိတယ်။ အဓိက,ကတော့ ဒီသုံးချက်ပေါ့” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
လာမည့်ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အစီအစဉ်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာခြောက်ဘီလျံသာ မျှော်မှန်းထားဟု MIC အတွင်းရေးမှူး ပြောကြား










