အာဆင်နယ်အသင်း၏ ကွင်းလယ်လူအိုဇေးလ်သည ၂၀၁၅ ခုနှစ်အတွက် ဂျာမန်လက်ရွေးစင်အသင်း တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ကြောင်းသိရသည်။ယခုနှစ်ဘောလုံးရာသီတွင် အာဆင်နယ်အသင်း၏ ကွင်းလယ်ပိုင်းတွင် ဖန်တီးမှုများဖြင့် ခြေစွမ်းပြလျက်ရှိသလို ဂျာမနီလက်ရွေးစင် အသင်း၏ ပွဲစဉ်များတွင်လည်း အကောင်းဆုံးခြေစွမ်း ပြခဲ့သူဖြစ်သည်။ အိုဇေးလ်သည် ယင်းဆုကို နောက်ဆုံး (၅)ကြိမ်တွင် (၄)ကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ တွင်မူ လက်ရှိရီးယဲလ်ကွင်းလယ်လူ တိုနီကရူးစ်က ရရှိထားသည်။ယခုနှစ် ၂၀၁၅ အတွက် မဲပေးရွေးချယ်မှုတွင် အိုဇေးလ်သည် ဘိုင်ယန်မြူးနစ တိုက်စစ်မှူး သောမတ်မူလာ (၁၅.၉%)၊ ကိုလုံးနောက်ခံလူ ဟတ်တာ (၁၃.၆%) တို့ကို မဲဆန္ဒအပြတ်အသတ် အသာရကာ (၄၅.၉%)နှုန်းဖြင့် ဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အိုဇေးလ်သည် ၂၀၀၉ ခုနှစ်တွင် ဂျာမနီလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံရပြီး ဂျာမနီလက်ရွေးစင် အသင်းအတွက်ပွဲပေါင်း (၇၀) ကစားပေးထားကာ (၁၈)ဂိုး သွင်းယူပေးထားပြီး အသင်းနှင့်အတူ ၂၀၁၀ ကမ္ဘာ့ဖလား တတိယနှင့် ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ဆွတ်ခူးထားသည်။
ဂျာမနီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အိုဇေးလ်(၄)ကြိမ်မြောက်ဆွတ်ခူး
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago