ယခုရက်ပိုင်းအတွင်း အအေးဓာတ် ပိုလာခြင်းကြောင့် လားရှိုးမြို့ရှိ ရေပူစမ်းအပန်းဖြေ စခန်းတွင် ရေပူချိုးသူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။
“ဒီရက်ပိုင်းအတွင်း အရမ်းအေးလာတော့ ရေပူလာချိုးတဲ့သူတွေ အရမ်းများလာတယ်။ စနေ၊ တနင်္ဂနွေဆိုရင် ဈေးရောင်းတာ နားတောင်မနားရဘူး။အသက်ကြီးပိုင်းတွေလည်း ဒီမှာပဲ ရေပူလာချိုးကြတယ်။ မနက်ပိုင်းနဲ့ ညပိုင်းဆိုရင်တော့ ရေလာချိုးတဲ့သူတွေ ပိုများတယ်”ဟု လားရှိုး ရေပူစမ်းတွင် ဈေးရောင်းသူတစ်ဦးက ဆိုသည်။
လားရှိုးမြို့ရှိ ရေပူစမ်း အပန်းဖြေစခန်းအား ယခုနှစ် ဆောင်းရာသီ အပန်းဖြေရာသီအဖြစ် နှစ်စဉ် နိုဝင်ဘာ ၁ ရက်တွင် စတင်ကာ ဖွင့်လှစ်လေ့ရှိပြီး ဖေဖော်ဝါရီလကုန်ပိုင်းအထိ ရိုးရာအစားအစာများ ရောင်းချသည့် ဈေးဆိုင်များတွင် လာရောက် စားသောက်ကြသူများ၊ ရပ်ဝေးရပ်နီးတို့မှ လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကားလေ့ရှိသည်။
“နှစ်တိုင်း နိုဝင်ဘာ ၁ ရက်ဆိုရင် ရေပူစမ်း အပန်းဖြေတဲ့ရာသီအဖြစ် စဖွင့်တာပေါ့။ ဒီဆောင်းရာသီကာလ မဟုတ်ရင်တော့ တချို့လည်း လာလည်ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဈေးဆိုင်တွေတော့ သိပ်မရှိဘူး။ရေချိုးတဲ့သူတွေလည်း မရှိဘူး။ဆောင်းတွင်း ကာလလောက်မှာပဲ ဈေးဆိုင်တွေလာဖွင့်ပြီး ရေပူ လာစိမ်တဲ့သူတွေနဲ့ စည်ကားတာပေါ့။ ပုံမှန်အားဖြင့်တော့ ဒီဇင်ဘာနဲ့ ဇန်နဝါရီဆိုရင် ရေပူလာစိမ်တဲ့သူတွေ အများဆုံးပါပဲ” ဟု လားရှိုးမြို့ ရေပူစမ်းအပန်းဖြေစခန်းတွင် တာဝန် ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။
“ဒီရက်ပိုင်းအတွင်း လားရှိုးမှာ အရမ်းအေးလာတယ်။ နေ့အပူချိန်က ၁၀ ံCအောက်မှာပဲ ရှိတယ်။ မနက်ပိုင်းဆိုရင် ၁၀ နာရီလောက်မှ နေထွက်တယ်။ ရေပူရေနွေးမပါဘဲနဲ့ ရေဘယ်လိုမှ ချိုးလို့မရဘူး။ ဒါကြောင့် ရေပူစမ်းမှာပဲ ရေလာချိုးတယ်။ ဒီထိ မလာနိုင်ရင်တော့ မြို့ထဲက ရေပူရေအေး ရေချိုးခန်းတွေမှာပဲ ရေသွားချိုးရတယ်”ဟု ရေပူစမ်းတွင် ရေလာချိုးသူတစ်ဦးက ဆိုသည်။
လားရှိုးမြို့ရေပူစမ်းကို အပန်းဖြေစရာ နေရာစခန်းတစ်ခုအဖြစ် ၁၉၆၃ ခုနှစ်က စတင်ခဲ့သည်ဟုသိရှိရပြီး ၁၉၉၁ ခုနှစ်တွင် ခေတ်မီသော ရေပူစမ်း အပန်းဖြေစခန်း တစ်ခုအဖြစ် ပြုပြင်မွမ်းမံခဲ့ကာ လားရှိုးမြို့၏ လူသိများ ထင်ရှားသော အပန်းဖြေစရာ နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလအတွင်း အအေးဓာတ် ပိုလာခြင်းကြောင့် လားရှိုး ရေပူစမ်း အပန်းဖြေစခန်းတွင် လာရောက်အပန်းဖြေသူ များ















