ဒီမိုကရေစီစနစ် ကျင့်သုံး၍ တာဝန်ယူမှုရှိသော အစိုးရ တစ်ရပ်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် UK သည် မြန်မာပြည်သူများကို ပံ့ပိုးသွားရန် အဆင်သင့်ရှိဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ပြောကြား

ဒီမိုကရေစီစနစ် ကျင့်သုံး၍ တာဝန်ယူမှုရှိသော အစိုးရ တစ်ရပ်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် UK သည် မြန်မာပြည်သူများကို ပံ့ပိုးသွားရန် အဆင်သင့်ရှိဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ပြောကြား
Published 11 November 2015

ဒီမိုကရေစီစနစ် ကျင့်သုံး၍ တာဝန်ယူမှုရှိသော အစိုးရတစ်ရပ်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် ယူကေသည် မြန်မာပြည်သူများကို ပံ့ပိုးသွားရန် အဆင်သင့်ရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားလိုက်ကြောင်း ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။ယခု သမိုင်းဝင် ရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းအတွက် အရေးပါပြီး အပြောင်းအလဲအတွက် ၎င်းတို့၏ ဆန္ဒကို ရှင်းလင်းစွာ ထုတ်ဖော်ခဲ့သော မြန်မာပြည်သူများ အတွက်လည်း အောင်ပွဲဖြစ်ပါကြောင်း၊ ထောင်နှင့်ချီသော ပြည်သူများသည် ၎င်းတို့၏ အခွင့်အရေးဖြစ်သော မဲထည့်ရန်အတွက်နှင့် အချို့အတွက်မူ ပထမဆုံး အကြိမ်အဖြစ် မဲထည့်ရန် ငြိမ်းချမ်းစွာ စီတန်းနေသည်ကို တွေ့ခဲ့ရသည်မှာလည်း စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ၎င်းသည် ၂၀၁၂ ခုနှစ်က မိမိ၏ ခရီးစဉ်အပြီး ယခုနှစ် အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် မြင်တွေ့ခဲ့ရသော ထူးခြားသော တိုးတက်မှု ဖြစ်ပါကြောင်းနှင့် များစွာသော ပြည်သူများသည် မဲပေးရန် လာရောက်ခဲ့ကြပြီး စနစ်ကျသော မဲပေးသည့် အစီအစဉ်အတိုင်း လျှို့ဝှက်မဲများကို တည်ငြိမ်စွာ လာရောက်ပေးခဲ့ကြသည်ဟု လွတ်လပ်သော ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၏ တင်ပြချက်များကိုလည်း ကြိုဆိုပါကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“အစိုးရအသစ် ဖွဲ့စည်းချိန်တွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် စနစ်ကျသော အပြောင်းအလဲများ ဖြစ်ပေါ်စေရန်အတွက် ပါတီများအားလုံး အနေနှင့် ယခုအချိန်တွင် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ် ကျင့်သုံး၍ တာဝန်ယူမှုရှိသော အစိုးရတစ်ရပ်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် UK သည် မြန်မာပြည်သူများနှင့် ယခု ရွေးကောက်ပွဲတွင် မဲထည့်ခွင့် မရရှိခဲ့သော သူများကို ပံ့ပိုးသွားရန် အဆင်သင့် ရှိနေပါသည်” ဟု ၎င်းက ပြောကြားသည်။ထို့ပြင် မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Philip Hammond ကလည်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြီးဆုံးသွားသည့် ရွေးကောက်ပွဲအတွက် မြန်မာပြည်သူများအား ချီးကျူးခဲ့ပြီး တရားဝင် မဲရလဒ်များအား စောင့်မျှော်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

Most Read

Most Recent