မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု၏ ရာခိုင်နှုန်း ၇၀ မှာ အာရှနိုင်ငံများမှဖြစ်ပြီး ဧည့်သည်များ၏ ပျမ်းမျှနေထိုင်မှုမှာ တစ်ပတ်ဖြစ်ကြောင်း Myanmar Tourism Sector Wide Assessment တွင်ဖော်ပြချက်အရ သိရသည်။မြန်မာနိုင်ငံသို့ အများဆုံးလာရောက်သည့် ခရီးသွားများတွင် ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်တို့မှ ဦးဆောင်လျက်ရှိနေသည်။မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ်တွင် သုံးသန်းကျော်သို့ရောက်ရှိခဲ့သော်လည်း ခရီးသည်များ၏သုံးပုံနှစ်ပုံမှာ ကမ္ဘာ့ခရီးသွားအဖွဲ့အစည်းနှင့် Pacific Asia Traval Association တို့မှ ခရီးသည်အဖြစ် ထည့်သွင်းရေတွက်ခြင်းမရှိသည့် ဒေသတွင်းနိုင်ငံများမှ နေ့ချင်းပြန်ခရီးသွားများဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုနှုန်းမှာ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အကြားတွင် ပြည်ပခရီးသည်ဝင်ရောက်မှုမှာ အနည်းဆုံး ၂၀ ဒသမ ၄ သန်းနှင့် ပြည်တွင်းခရီးသွားလာမှုပမာဏမှာ ၂၉ ဒသမ ၂ သန်းအထိ ရှိနိုင်ကြောင်း JICA မှ ခန့်မှန်းထားချက်အရ သိရသည်။မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် လျင်မြန်စွာတိုးတက်မှုအရှိဆုံးကဏ္ဍဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အဆိုပါလုပ်ငန်းကဏ္ဍမှ ဝင်ငွေသည် ၂၀၁၂ ခုနှစ်ကထက် ရာခိုင်နှုန်း ၇၀ တိုးတက်လာခဲ့သည်။ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်တွင် အဆိုပါကဏ္ဍမှ အမေရိကန်ဒေါ်လာ ၉၀၅ သန်းဝင်ရောက်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။မြန်မာအစိုးရက ခရီးသွားတိုးတက်မှုကြောင့် ၎င်းကဏ္ဍနှင့် အခြားတိုက်ရိုက်နှင့် သွယ်ဝိုက်ဆက်စပ်ကဏ္ဍများသို့ ဒေါ်လာသုံးဘီလျံခန့် စီးဝင်သွားနိုင်ကြောင်း ခန့်မှန်းခဲ့သည်။မြန်မာနိုင်ငံ၏ လက်ရှိခရီးသွားဆွဲဆောင်ရာနေရာများမှာ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုး၊ ငပလီတို့ပါဝင်ပြီး သဘာဝအခြေခံခရီးစဉ်ဒေသများဖြစ်သည့် ပူတာအို၊ နာဂမြေ၊ ဟားခါး၊ နတ်မတောင်၊ လွိုင်ကော် စသည့်နေရာများလည်း ပေါ်ထွန်းလာဖွယ်ရှိနေကြောင်း သိရသည်။ ထို့ပြင် တနင်္သာရီတိုင်းရှိ မြိတ်ကျွန်းစုသို့လည်း ခရီးသွားများ စတင်လည်ပတ်နိုင်ပြီဖြစ်ပြီး အဆိုပါနေရာများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးစေရန် ဆောင်ရွက်နေပြီဖြစ်သည်။ထိုသို့ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ အဓိကခရီးသွားဆွဲဆောင်ရာနေရာများဖြစ်သော ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုးစသည့်နေရာများတွင် ခရီးသွားလုပ်ငန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် ဖိအားများရှိနေပြီဖြစ်သဖြင့် ခရီးစဉ်စီမံခန့်ခွဲမှု အဖွဲ့အစည်းများ (Destination Management Organization) အလျင်အမြန်ဖွဲ့စည်းရန်လိုအပ်နေကြောင်း Myanmar Tourism Sector Wide Assessment အရသိရသည်။
မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု၏ ရာခိုင်နှုန်း ၇၀ ကျော်မှာ အာရှနိုင်ငံများမှဖြစ်ပြီး ခရီးသွားများ၏ ပျမ်းမျှနေထိုင်မှုမှာ တစ်ပတ်ဖြစ်ကြောင်းသိရ