မဖြိုးဖြိုးအောင်ရရှိခဲ့သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သူမ၏ဖခင်မှ ပေးအပ်

မဖြိုးဖြိုးအောင်ရရှိခဲ့သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သူမ၏ဖခင်မှ ပေးအပ်
Published 16 June 2015

သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဗကသများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်အား ၎င်းရရှိခဲ့သည့် ပြည်သူ့ဂုဏ်ရည်ဆုကို ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းနှင့် မိခင်ဖြစ်သူတို့မှ ယနေ့ရုံးထုတ်စဉ်အတွင်း ပေးအပ်ခဲ့သည်။ထိုဆုလက်ခံရရှိပြီးနောက် မဖြိုးဖြိုးအောင်က "ကျွန်မကို ပြည်သူပြည်သားကောင်းတစ်ဦးဖြစ်အောင် ပထမဦးဆုံးလမ်းပြပေးခဲ့တာက အဖေဖြစ်ပါတယ်။ အဖေကပဲ ကျွန်မအကျဉ်းထောင်ထဲကျရောက်နေတဲ့အချိန်မှာ ဒီမိုကရေစီပညာရေးသပိတ်ကိုယ်စားကော၊ ဗကသများအဖွဲ့ချုပ်ကိုယ်စားရော ပေးအပ်တယ်လို့ ကျွန်မမှတ်ယူတဲ့ ဒီဆုကို အဖေကိုယ်တိုင် တက်ရောက်ရယူခဲ့တဲ့အတွက် ကျွန်မအထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဘာလို့လည်းဆိုတော့ အဖေကိုယ်တိုင် ဒီဆုကို တက်ရောက်ရယူခဲ့လို့ဖြစ်ပါတယ်" ဟု ပြောကြားသည်။
အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သူများကို ပြည်ပရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများ ရွေးချယ်ပေးအပ်ချီးမြှင့်သည့် ၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ဗကသများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ရရှိခဲ့သည်။ အများအကျိုးအတွက် ဆောင်ရွက်သူများကို ပေးအပ်သော ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်တည်းက ပေးအပ်ခြင်းဖြစ်ပြီး ယခုနှစ်ဆိုလျှင် ခြောက်ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent