ပြည်ပကလပ် အသင်းများတွင် ဆုကြေးစား သွားရောက်ကစားနေသည့် မြန်မာဘော်လီဘော ကစားသမားများ

ပြည်ပကလပ် အသင်းများတွင် ဆုကြေးစား သွားရောက်ကစားနေသည့် မြန်မာဘော်လီဘော ကစားသမားများ
Published 28 December 2014

လက်ရှိ မြန်မာ့အားကစား လောကတွင် ပြည်ပ၌ ဆုကြေးစား သွားရောက်ကစားနေသည့် အားကစားနည်းများအနက် ဘော်လီဘော ကစားသမားများလည်း အပါအဝင် ဖြစ်သည်။ လက်ရှိ ပရိုစနစ် ကူးပြောင်းထားသော ဘောလုံးသမားများပင် ပြည်ပ၌ ထွက်ကစားနေသူများ မရှိဘဲ ဘော်လီဘော ကစားသမားများမှာ ၂၀၀၇ ခုနှစ်မှစ၍ နှစ်စဉ် ပြည်ပကလပ် အသင်းများ၌ ဆုကြေးစား သွားရောက်ကစားလျက် ရှိသောကြောင့် ၂၀၁၄ ခုနှစ်၏ ထင်ရှားကျော်ကြား ကဏ္ဍတွင် ဖော်ပြခြင်းဖြစ်သည်။မြန်မာ့ဘော်လီဘော သမိုင်းတွင် ပထမဆုံး ဆုကြေးစား သွားရောက်ကစားသူမှာ ဝင်းထွန်းဦးဖြစ်ပြီး ၂၀၀၇ ခုနှစ်က အင်ဒိုနီးရှားကလပ်တွင် သွားရောက်ကစားခဲ့ခြင်း ဖြစ်သည်။ ၎င်း ပြည်ပထွက် ကစားပြီးနောက်ပိုင်း မြန်မာဘော်လီဘော သမားများ၏ အခွင့်အရေးများ ပိုမိုပေါ်ပေါက်လာခဲ့ပြီး လက်ရှိသွားရောက် ကစားနေသော မြန်မာဘော်လီဘော ကစားသမားများမှာ အောင်သူနှင့် ကျော်ကျော်ထွေးတို့ ဖြစ်သည်။ ၎င်းတို့မှာ ထိုင်းဘော်လီဘောကလပ် ချောင်ဘူရီအသင်းတွင် သွားရောက်ကစားနေခြင်းဖြစ်ပြီး စာချုပ်သက်တမ်းမှာ နိုဝင်ဘာလမှ မေလအထိ ဖြစ်သည်။ပရိုစနစ် ကူးပြောင်းထားသည့် ဘောလုံးသမားများပင် ပြည်ပကလပ်များ၌ သွားရောက်ကစားနိုင်ခြင်း မရှိသလောက် ဖြစ်နေသည့် အချိန်တွင် ဘော်လီဘော ကစားသမားများ ဆုကြေးစား သွားရောက်ကစားနိုင်မှုမှာ မြန်မာ့အားကစား လောကအတွက် ဂုဏ်ယူစရာပင် ဖြစ်သည်။

Most Read

Most Recent