၂၀၂၃ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ တင်သွင်းသည့်အဓိကကုန်စည်ပစ္စည်း ၁၁ မျိုးအနက် စားအုန်းဆီတင်သွင်းမှုဒေါ်လာ ၂၄၅ သန်းကျော်၊ ဓာတ်မြေသြဇာ ၃၂၉ သန်းတင်သွင်း

၂၀၂၃ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ တင်သွင်းသည့်အဓိကကုန်စည်ပစ္စည်း ၁၁ မျိုးအနက် စားအုန်းဆီတင်သွင်းမှုဒေါ်လာ ၂၄၅ သန်းကျော်၊ ဓာတ်မြေသြဇာ ၃၂၉ သန်းတင်သွင်း
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 19 October 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ တင်သွင်းသည့်အဓိကကုန်စည်ပစ္စည်း ၁၁ မျိုးအနက် စားအုန်းဆီတင်သွင်းမှုဒေါ်လာ ၂၄၅ သန်းကျော်၊ ဓာတ်မြေသြဇာ ၃၂၉ သန်းတင်သွင်းခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရ သည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှတင်သွင်းသည့် အဓိကကုန်စည်ပစ္စည်း ၁၁ မျိုးအနက် လယ်ယာကဏ္ဍသွင်းကုန်ဆိုင်ရာကုန်ပစ္စည်းများ၏ တင်သွင်းမှုအခြေအနေမှာ စားအုန်းဆီတန်ချိန် ၂၄၃၈၇၄ တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၂၄၅ ဒသမ ၅၁ သန်း၊ ဓာတ်မြေသြဇာတန်ချိန် ၈၄၉၆၇၀ တန်တင်သွင်းမှုမှဒေါ်လာ ၃၂၉ ဒသမ ၃၉သန်း၊ ဂျုံစေ့တန်ချိန် ၁၅၃၁၃၉ တန်တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၆၅ ဒသမ ၂၂ သန်းနှင့် ဂျုံမှုန့်တန်ချိန် ၆၃၆ တင်သွင်း မှုမှ ဒေါ်လာ ၀ ဒသမ ၃၆ သန်း ပါဝင်သည်။

အခြားတင်သွင်းကုန်များဖြစ်သည့် နို့ဆီမှာ တန်ချိန် ၈၁၄၁ တင်သွင်းမှုမှ ဒေါ်လာ ၁၁ ဒသမ ၃၂ သန်း၊ နို့စိမ်းမှာ တန်ချိန် ၈၆၃၂ တင်သွင်းမှုမှ ဒေါ်လာ ၁၂ ဒသမ ၈၃ သန်းနှင့် နို့မှုန့်တန်ချိန် ၄၁၄၂ တင်သွင်းမှုမှ ဒေါ်လာ ၁၂ ဒသမ ၁၉ သန်းစီ ပါရှိကြောင်း သိရသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ကိန်းဂဏာန်းအချက်အလက်များအရ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ မြေသြဇာတင်သွင်းမှု စုစုပေါင်း ၈၁၉၈၁၀ တန်တင်သွင်းခဲ့သည်။ အဆိုပါတင်သွင်းမှုတွင် နိုက်ထရိုဂျင် ၄၉၅၃၇၆ တန်၊ ဖော့စဖိတ် ၂၉၅၃၆ တန်၊  ပိုတက်စီယမ် ၂၇၂၃၀ တန်၊ ကွန်ပေါင်း ၂၅၇၁၇၃ တန်၊ ဖော်လာ ၄၄၆ တန်၊ အော်ဂဲနစ် ၁၅၆၇ တန်၊ ဂျစ်ပဆန် ၉၆၄ တန်နှင့် အ ခြားမြေသြဇာ စုစုပေါင်း ၇၅၁၈ တန်အသီးသီးပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော(CMP)နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန် သွယ်မှုပမာဏဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်း ကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

Most Read

Most Recent